Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 19, 2013

ရှာဘတ်ဗီဒီယိုတွင် ပါဝင်သော သြဇာရှိ ဗြိတိန်မွတ်စလင် လေးဦးအား သတိဖြင့် နေထိုင်ကြရန် ရဲတပ်ဖွဲ့ သတိပေး

လန်ဒန်အနောက်ပိုင်းတွင် ဂျာနယ်လစ် ဂျမယ်မက်ရိုအာက မီဒီယာများနှင့် တွေ့ဆုံစဉ် (Photo:AFP)
ဆိုမာလီယာရှိ ရှာဘတ်စစ်သွေးကြွများနှင့် ဆက်နွှယ်သော အစွန်းရောက်များက ထုတ်ပြန်ခဲ့သည့် ဗီဒီယိုတွင် 'အစ္စလာမ် ရန်သူများ' ဟု ဖော်ပြခံခဲ့ရသည့် သြဇာရှိ ဗြိတိန်မွတ်စလင် လေးဦးက မိမိတို့သည် အန္တရာယ် ကျရောက်နိုင်သည့်အတွက် သတိဖြင့် နေထိုင်ကြရန် ဗြိတိန်ရဲတပ်ဖွဲ့၏ သတိပေးခြင်း ခံရကြောင်း အောက်တိုဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

အောက်တိုဘာ ၁၆ ရက်တွင် YouTube ၌ တင်ခဲ့သည့် "The Woolwich Attack: It's an Eye for an Eye" ခေါင်းစဉ်ဖြင့် တစ်နာရီနီးပါးကြာသော ယင်းဗီဒီယိုကို စုံစမ်းစစ်ဆေးနေပြီး ရှာဘတ်စစ်သွေးကြွ အဖွဲ့က တင်ခဲ့ခြင်း ဖြစ်သည်ဟု လန်ဒန်မြို့တော် ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ ဗြိတိန်မြေပေါ်တွင် အကြမ်းဖက်မှုများ ပြုလုပ်ရန် မွတ်စလင်များကို တိုက်တွန်းထားသည့် ယင်းဗီဒီယိုသည် ပြီးခဲ့သောလက ကင်ညာတွင် ရှော့ပင်းမော တိုက်ခိုက်မှု ပြုလုပ်ခဲ့သည့် ရှာဘတ်အဖွဲ့က ထုတ်ပြန်ခြင်း ဖြစ်သည်ဟု အမေရိကန် အခြေစိုက် SITE Intelligence Group က ပြောကြားခဲ့သည်။ ယင်းဗီဒီယိုတွင် ဗြိတိန်လေသံဖြင့် နောက်ခံစကားပြောသူ တစ်ဦးက အစ္စလာမ် သင်ကြားမှုကို ဆန့်ကျင်သည့် လေးဦးအား ရွေးထုတ်ပြီး သတိပေးခဲ့ကြောင်း ဂါးဒီးယန်း သတင်းစာက ဖော်ပြခဲ့သည်။

ဗီဒီယိုတွင် ပါဝင်သူ တစ်ဦးဖြစ်သည့် လန်ဒန်အခြေစိုက် ဘာသာရေး ဆရာနှင့် ဂျာနယ်လစ် ဂျမယ်မက်ရိုအာက သူ့ကိုရဲတပ်ဖွဲ့က သတိမလွတ်ဘဲ နေထိုင်ရန် သတိပေးခဲ့သည်ဟု Facebook တွင် ရေးသားခဲ့သည်။ အခြားသုံးဦးမှာ အကြမ်းဖက်မှုများကို ပြတ်ပြတ်သားသား ဆန့်ကျင်သည့် ဒါရိုက်တာနှင့် ဂျာနယ်လစ် မိုဟာမက်အန်ဆာ၊ သတင်းသုံးသပ်သူ မိုဟာမက် ရှာဖစ်နှင့် အစွန်းရောက်မှု ဆန့်ကျင်သည့် ပညာရှင်များအဖွဲ့ Quilliam မှ အကြီးတန်း သုတေသန ပညာရှင် အူစမာဟာဆန်တို့ဖြစ်ကြောင်း သိရသည်။ မိမိ၏ နေအိမ်အပြင်ဘက်တွင် ရဲတပ်ဖွဲ့က ပုံမှန်ကင်းလှည့်မှုများ ပြုလုပ်နေကြောင်း အန်ဆာက Twitter တွင် ရေးသားခဲ့သည်။ မိုဟာမက်ရှာဖစ်နှင့် အူစမာဟာဆန်တို့ ထံသို့လည်း ရဲတပ်ဖွဲ့က သွားရောက်ပြီး လုံခြုံရေးအတွက် သတိပေးခဲ့ကြောင်း သိရသည်။ လန်ဒန်အရှေ့တောင်ပိုင်းတွင် မေ ၂၂ ရက်က ဗြိတိန် စစ်သားတစ်ဦးကို သတ်ခဲ့သည့် မွတ်စလင်နှစ်ဦးအား လာမည့်လတွင် ရုံးတင်စစ်ဆေးမည်ဖြစ်သည်။

Ref:AFP
Eleven Media Group

No comments:

Post a Comment