ရုရှားနိုင်ငံ
မော်စကို မြို့မှာ ကျင်းပမယ့် Miss Universe 2013 ပြိုင်ပွဲမှာ မြန်မာ
ကိုယ်စားပြု အလှမယ် အနေနဲ့ ယှဉ်ပြိုင်မယ့် Miss Universe Myanmar
မိုးစက်ဝိုင် က အောက်တိုဘာ ၁၆ ရက်နေ့ မနက် ၉ နာရီက မြန်မာနိုင်ငံမှ
ထွက်ခွာသွားခဲ့ပါတယ်။ အောက်တိုဘာ ၁၆
ရက်နဲ့ ၁၇ ရက်များမှာ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ရှိနေမှာဖြစ်ပြီး
အောက်တိုဘာ ၁၆ ရက်မှာတော့ ဘန်ကောက်က Central Department Store က
ပရိုမိုးရှင်း ပွဲကို တက်ရောက်မှာ ဖြစ်ပြီး အောက်တိုဘာ ၁၇ ရက် နေ့မှာတော့
ထိုင်းနိုင်ငံမှ ပညာရှင် နှင့် လမ်းလျှောက်တာတွေကို စနစ်တကျ သင်ကြားမှာ
ဖြစ်ပါတယ်။ အောက်တိုဘာ ၁၈ ရက်နေ့မှာတော့ ဘန်ကောက်မှ တဆင့် ရုရှားနိုင်ငံ
မော်စကို မြို့ကို သွားရောက်မှာ ဖြစ်ကြောင်းသိရပါတယ်။ မိုးစက်ဝိုင် ကို 1st
Runner up ဆုရရှိတဲ့ အေးချမ်းမိုး၊ Hello Madam Media အဖွဲ့သားများ၊
မိုးစက်ဝိုင်ရဲ့ မိသားစုများ၊ ပရိသတ်များက လေဆိပ်ကို
ပို့ဆောင်နှုတ်ဆက်အားပေးခဲ့ကြပါတယ်။
ခိုင်ဝေလွင်
ဓါတ်ပုံ - အိသွဲ့ (တန့်ယန်း)
ခိုင်ဝေလွင်
ဓါတ်ပုံ - အိသွဲ့ (တန့်ယန်း)
No comments:
Post a Comment