Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 9, 2013

နဂိုကတည်းက ချူချာနေတဲ့ အဘွားကြီးကို ဘရိတ်ဒန့် ကခိုင်းသလို ဖြစ်နေတယ်

[ Voice of the Day ]

မြစ်ဆုံစီမံကိန်းကို တရုတ်နိုင်ငံမှ အကောင်အထည် ဖော်ဆောင်ခြင်းကြောင့် ကန့်ကွက်ခြင်း မဟုတ်ကြောင်း၊ အမေရိကန်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတို့မှ လာရောက် တည်ဆောက်လျှင်လည်း လက်ခံမည် မဟုတ်ကြောင်း သဘာဝပတ်ဝန်းကျင် ပညာရှင် ဒေါ်ဒေဝီသန့်စင်က ပြောသည်။
"မြစ်ဆုံ စီမံကိန်းကို ပြန်စမယ်လို့ ကြားနေတယ်။ နဂိုကတည်းက ချူချာနေတဲ့ အဘွားကြီးကို ဘရိတ်ဒန့် ကခိုင်းသလို ဖြစ်နေတယ်" ဟု မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။
"ဧရာဝတီမြစ်သည် ဘင်္ဂလားပင်လယ်အော်ထိ စီးဆင်းနေသောကြောင့် မြစ်တစ်လျှောက်ရှိ ငါးဖမ်းလုပ်ငန်းများ မြေနုကျွန်းများပေါ်တွင် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြပြီး မြစ်ဆုံစီမံကိန်း အကောင်အထည် ဖော်ပါက ပျက်စီးနိုင်သည့် အခြေအနေတို့ကြောင့် စီမံကိန်း အကောင်အထည် ဖော်ဆောင်မည့် ကုမ္ပဏီမှ ဒေါ်လာ ထောင်ပေါင်းများစွာ လျော်ကြေးငွေ ပေးဆောင်ခိုင်းပါက စီမံကိန်း ပျက်သွားနိုင်ကြောင်း ပညာရှင်အများစုက သုံးသပ်ပြောသည်။

အောက်တိုဘာလ ၃ ရက်နေ့ထုတ် Envoy သတင်းဂျာနယ်ပါ
“မြစ်ဆုံစီမံကိန်းကို မည်သည့်နိုင်ငံမှ လာရောက်လုပ်ကိုင် သည်ဖြစ်စေ လက်ခံမည် မဟုတ်” သတင်းမှ ကောက်နုတ်ချက်

[ ဤကဏ္ဍတွင် ကောက်နုတ်ဖော်ပြထားသော အကြောင်းအရာ များသည် သက်ဆိုင်ရာမီဒီယာ သို့မဟုတ် စာရေးသူများ၏ အာဘော်သာဖြစ်ပြီး The Voice Weekly အယ်ဒီတာအဖွဲ့ အနေနှင့် သဘောတူခြင်း မတူခြင်းကို ကိုယ်စားမပြုဘဲ အပေါင်းလက္ခဏာ ဖြစ်စေ၊ အနုတ်လက္ခဏာ ဖြစ်စေ ထူးခြားသော အသွင်တစ်ခု ဆောင်နေပါက စာဖတ်ပရိသတ်များ သတိပြုမိစေလို၍ ပြန်လည်ကိုးကား ဖော်ပြခြင်း ဖြစ်ပါသည်။ ]

No comments:

Post a Comment