Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, October 19, 2013
ဒေါ်လာ ၁.၄၅ သန်းနဲ့ လေလံဆွဲသွားတဲ့ တိုက်တန်းနစ် နစ်မြုတ်စဉ်ထိုးခဲ့တဲ့တယော
လန်ဒန်ကလေလံပွဲတစ်ခုမှာ တိုက်တန်းနစ်သင်္ဘောပေါ်မှာ ထိုးခဲ့တယ်လို့ ယုံကြည်ရတဲ့တယောတစ်လက် ကိုအမည်မဖော်လိုသူတဦးက ဒေါ်လာ ၁.၄၅သန်းနဲ့   လေလံဆွဲသွားပါတယ်။ ပင်လယ်ရေတိုက် စားမှုကြောင့် ပျက်စီးနေတဲ့တယောကိုထိုးလို့ တော့မရတော့ပါဘူး။လေလံပစ်သူတွေကတော့ ဒီတယောရဲ့  စစ်မှန်မှုကိုနည်းလမ်း ပေါင်းစုံနဲ့ စစ်ဆေးတာခံနိုင်တယ်လို့ ဆိုပါတယ်။
 စေ့စပ်လမ်းကြောင်းခြင်းအမှတ်တရလို့ စာလုံးရေးထွင်းထားပါတယ်။
၁၉၁၂ မှာ တိုက်တန်းနစ်သင်္ဘောခရီးစဉ်မှာ သူ့ ကိုတီး ၀ိုင်းခေါင်းဆောင်အဖြစ် တာဝန်ပေးတော့ စေ့စပ်ပြီး စ ဝေါ့လေ့စ် ဟာပထမ ငြင်းဆိုဖို့ စဉ်းစားခဲ့ပါသေးတယ် ။ နောက်တော့အနာဂတ် အလုပ်အကိုင် အခွင့် အလမ်း အဆက်အသွယ် ရနိုင်ချေ ကို မျှော်တွေးပြီး  တိုက်တန်း နစ်သင်္ဘောမှာတီးဝိုင်းခေါင်းဆောင်လုပ် ဖို့ လက်ခံခဲ့ပါ တယ်။တိုက်တန်းနစ် သင်္ဘောရေခဲ တုံးနဲ့ တိုက် မိပြီးနစ်မြုတ်စဉ်မှာ ဟာ့တ်လေနဲ့ သူ့ တီးဝိုင်းအဖွဲ့ သားတွေဟာ
ခရီး သည်တွေ တည်ငြိမ်မှုရအောင် တယောထိုးပြီးဖျော်ဖြေ ခဲ့ကြတယ်လို့   သင်္ဘောနစ်မြုတ်တဲ့ဘေး ကလွတ် မြောက် လာခဲ့တဲ့သူတွေပြောကြပါတယ်။သင်္ဘောနစ်မြုတ်စဉ်သူတို့ တီးဝိုင်းအဖွဲ့ နောက်ဆုံးတီးခတ်ခဲ့ တဲ့သီချင်းက ဘုရားရှင်ထံတော်သို့ နီး၍နီး၍လာ  ဆိုတဲ့သီချင်းဖြစ်ပါတယ်။တီးဝိုင်းအဖွဲ့ သားတစ်ယောက်မှ အသက်မရှင် ခဲ့ကြပါဘူး။
the melting pot 4 U
(ကူးယူဖော်ပြပါက  the melting pot 4 u မှကူးယူကြောင်းခရက်ဒစ်ပေးပါရန်မေတ္တာရပ်ခံပါသည်)
လေလံပစ်သူ အလန်အော်ဒရစ်
No comments:
Post a Comment