Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 19, 2013

တစ်နှစ်လျှင် တရုတ်ယွမ်ငွေ ၂၅၀၀၀ ဖြင့် ထမင်းချက် အလုပ်ရမည်ဟုပြောကာ တရုတ်အမျိုးသားနှင့် အဓမ္မ လက်ထပ်ခိုင်းမှု ဖြစ်ပွား



၂၀.၁၀.၂၀၁၃၊ တနင်္ဂနွေနေ့

တစ်နှစ်လျှင် တရုတ်ယွမ်ငွေ ၂၅၀၀၀ ဖြင့် ထမင်းချက် အလုပ်ရမည်ဟု ပြောဆိုကာ တရုတ်နိုင်ငံသို့ လူကုန်ကူးမှု ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၂၀၁၃ ခုနှစ် အောက်တိုဘာအတွင်း နမ့်ခမ်းမြို့နေ မ..... အား တရုတ်နိုင်ငံတွင် ထမင်းချက် အလုပ်ရမည်ဟု လိမ်လည်ပြောဆို စည်းရုံးပြီး တရုတ်ယောက်ျားနှင့် အဓမ္မ လပ်ထပ်ယူရန် ရောင်းစားခဲ့သူ မနန်းအေးထွမ်(ခ) မနန်းအောင်ခမ်းနှင့် မနန်းခမ်းမိုင်တို့အား အရေးယူပေးပါရန် တရားလိုပြု လုပ်တိုင်တန်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ လူကုန်ကူးခံရသူ မ....သည် ခင်ပွန်းဖြစ်သူနှင့် စကားများရန်ဖြစ်ပြီး နေအိမ်မှ တရုတ်နိုင်ငံ ရွှေလီသို့ ရောက်ရှိခဲ့ကြောင်း၊ ရွှေလီမြို့ ပေါက်ဆန်းဈေးတွင် ယခင်က ဈေးအတူရောင်းသူ မနန်းအေတွမ် (ခ) နန်းအောင်ခင်နှင့် တွေ့ရှိကာ နန်းအေတွမ်က တရုတ်ပြည် အတွင်းပိုင်းတွင် အလုပ်အကိုင် ပေါများကြောင်း၊ တစ်နှစ်လျှင် စရိတ်ငြိမ်း တရုတ်ငွေ ၂၅၀၀၀ ရမည့် ထမင်းချက်အလုပ် ရှိကြောင်း ပြောဆိုသဖြင့် ၎င်းမှာ သဘောတူ ခဲ့ကြောင်း၊ နောက်တစ်ရက်တွင် အမည်မသိ တရုတ် အမျိုးသမီးနှစ်ဦး ရောက်ရှိပြီး ၎င်း အမျိုးသမီးနှစ်ဦးမှာ အလုပ်ရှင်များဖြစ်ကြောင်း လိုက်သွားရန်ပြောသဖြင့် ၎င်းအမျိုးသမီးနှစ်ဦးနှင့် လိုက်သွားခဲ့ကြောင်း၊ ရွှေလီမှ တရုတ်နိုင်ငံ ကွေ့ကျို့မြို့ရှိ အမျိုးသမီးနှစ်ဦး နေအိမ်သို့ ရောက်ရှိကာ ယင်းတို့၏ မောင်ဖြစ်သူ တရုတ်အမျိုးသား လျန်ဖိန်းဆိုသူနှင့် လက်ထပ်ရန် ပြောဆိုသဖြင့် မ.....မှာ ထမင်းချက် အလုပ်လုပ်ရန် လိုက်လာခြင်း ဖြစ်ကြောင်း၊ တရုတ်ယောက်ျား မယူလိုကြောင်း ပြောဆို ငြင်းဆန်ရာ မ....အား တရုတ်ယွမ်ငွေ ၂၅၀၀၀ ဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ နေအိမ်ရှိ အခန်းထဲတွင် ၁၅ ရက်ခန့် ပိတ်ထားခဲ့ကြောင်း၊ ချုပ်နှောင်မှုကို မခံနိုင်၍ တရုတ်ယောက်ျားနှင့် အဓမ္မ လက်ထပ်ခြင်း ခဲ့ရကြောင်း၊ တစ်လခန့် ပေါင်းသင်းခဲ့ပြီးနောက် တရုတ်ယောက်ျားအိမ်မှ ထွက်ပြေး၍ တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ အရေးပေါ်ဖုန်းသို့ အကူအညီ တောင်းခံခဲ့ကြောင်း၊ ကွေ့ကျိုးမြို့ ရဲစခန်းမှ တရုတ်ရဲများ ရောက်ရှိလာကာ ခေါ်ယူစစ်မေးရာမှ လူကုန်ကူးခံရသူ ဖြစ်ကြောင်းသိရ၍ နေအိမ်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် တရုတ်ယောက်ျားနှင့် အဓမ္မ လက်ထပ်ရန် ရောင်းစားခဲ့သူ မနန်းအေတွမ် (ခ) မနန်းအောင်ခမ်းနှင့် မနန်းခမ်းမိုင်တို့ နှစ်ဦးအား အရေးယူပေးပါရန် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စု(မူဆယ်)မှ တရားလိုပြုလုပ် တိုင်တန်းခဲ့သဖြင့် နမ့်ခမ်းရဲစခန်း (ပ)၇၇/၂၀၁၃ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့် အရေးယူ ဖမ်းဆီး စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

EMG

No comments:

Post a Comment