Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 23, 2013

အခြေခံဥပဒေ ပြင်ဆင်ရေး မြန်မာအစိုးရကို ဥရောပသမဂ္ဂက ဖိအားပေးရန် ဒေါ်အောင်ဆန်းစုကြည် တောင်းဆို


ရန်ကုန်၊ အောက်တိုဘာ ၂၂

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် မြန်မာအစိုးရကို ဥရောပသမဂ္ဂက ဖိအားပေးရန် လူဇင်ဘတ်နိုင်ငံတွင် အောက်တိုဘာလ ၂၁ ရက်နေ့က ပြုလုပ်သော ဥရောပသမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးများ ညစာစားပွဲတွင် ဥရောပကောင်စီသို့ ရောက်ရှိနေသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုလိုက်သည်။

ဥရောပသမဂ္ဂနှင့် ဥရောပကောင်စီသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် အစဉ်တစ်စိုက် တိုက်တွန်းနေ သော်လည်း အရာမထင်သည့်အတွက် ပိုမိုဖိအားပေး တောင်းဆို သင့်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က အီးယူ နိုင်ငံခြားရေး ဝန်ကြီးများကို တိုက်တွန်းပြောကြားသည်။
"ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်ဆင် နိုင်သေးသရွေ့ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ ကျွန်မတို့ ဝေးနေဦးမှာပါ" ဟု ၄င်းကဆိုသည်။

မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ခေတ်သစ်ဒီမိုကရေစီ စံများနှင့်အညီ ပြုပြင်သင့်ကြောင်း အီးယူ နိုင်ငံခြားရေး ဝန်ကြီးများ စုပေါင်း၍ လက်မှတ်ရေးထိုးကာ ၂၀၁၂ ခုနှစ် ဇူလိုင်လအတွင်းက ထုတ်ပြန်ချက် တစ်စောင်ကို ကြေညာခဲ့သည်။

ယင်းအပြင် တပ်မတော်အစိုးရဟောင်း အရာရှိများဖြင့် ဖွဲ့စည်းထားသော ဒီမိုကရေစီ အစိုးရသစ်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အရှိန်မြှင့်တင်ရန် မြန်မာ အစိုးရကို တိုက်တွန်းသင့်ကြောင်း၊ မြန်မာနိုင်ငံကို အကူအညီများ ပေးအပ်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကြရန် ဥရောပနိုင်ငံများ၊ အမေရိကန်နိုင်ငံနှင့် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်း တို့ထံ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုခဲ့သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပ ခရီးစဉ်ကို အောက်တိုဘာလ ၁၈ ရက်နေ့ က စတင်ခဲ့ပြီး အီးယူပါလီမန်မှ ချီးမြှင့်သည့် ဆာခရော့ဗ် လူ့အခွင့်အရေးဆုကို လက်ခံရယူရန် နှင့် အီးယူအဖွဲ့အစည်း အသီးသီးနှင့် တွေ့ဆုံရန် ဥရောပသို့ ဒုတိယအကြိမ်မြောက် သွားရောက်ခြင်းလည်း ဖြစ်သည်။

အီးယူသည် မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးဆိုင်ရာ အထောက်အပံ့များ အတွက် (၂၀၁၄-၂၀၂၀) ၇ နှစ်စီမံကိန်း ချမှတ်ခဲ့ပြီး ယူရို သန်း ၂၀၀ ကျော် အသုံးစရိတ် သတ်မှတ်ထားကြောင်း ထုတ်ပြန် ကြေညာထားသည်။

No comments:

Post a Comment