ဘုန်းနေလ(ဒဂုံတက္ကသိုလ်) | အင်္ဂါနေ့၊ အောက်တိုဘာလ ၀၁ ရက် ၂၀၁၃ ခုနှစ် ၁၆ နာရီ ၁၉ မိနစ်
ပြီးခဲ့တဲ့ sky net တံခွန်စိုက်အငြိမ့်ပြိုင်ပွဲ ယှဉ်ပြိုင်သွားတာနဲ့ပတ်သက်ပြီး အစ်ကိုရဲ့အမြင်က။
မဆိုးပါဘူး။ တစ်ခုပဲရှိတာ။ နိုင်ငံရေးတရားပွဲနဲ့တူနေတာ တစ်ခုပဲ။ နိုင်ငံရေးတရားဟောတာကို ထိုင်နားထောင် ရသလိုဖြစ်နေတယ်။ ရယ်ရတဲ့ ပြက်လုံးတွေများများလုပ်ရင်တော့ အငြိမ့်နဲ့ ပိုတူတာပေါ့။ အငြိမ့်က အငြိမ့်နဲ့ မတူဘူးဖြစ်နေတယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့က နိုင်ငံရေးအကြောင်းတွေ ပြောဖို့ ပြိုင်ဆိုင်နေသလိုပဲ။ ကျန်တာတော့ အကုန်ကောင်းတယ်။
အစ်ကိုတို့ခေတ်နဲ့ ကွာဟနေတယ်လို့ရော ခံစားမိလား။
သူတို့တွေက အယူအဆတစ်မျိုးဖြစ်သွားတဲ့ သဘောပါပဲ။ လူရွှင်တော်မှန်ရင် ဒီပြိုင်ပွဲမှာ နိုင်ငံရေးပြောရမယ်လို့ သတ်မှတ်ထားသလိုဖြစ်သွားတာ။ ပွဲတစ်ပွဲလုပ်ရင် ခြုံငုံပြီးတော့ ကြည့်ရတယ်။ အောက်ကနေပြီး ရယ်သံဝေါကနဲ အသံမကြားရဘဲ လက်ခုပ်သံတွေပဲ ကြားနေရတယ်။ အဲဒီတော့ လူရွှင်တော်ဆိုတာက ရယ်စရာကောင်းလို့ လူရွှင်တော်လို့ခေါ်တာပါ။ လက်ခုပ်သံတီးအောင် ပြောတာက စာပေဟောပြော ပွဲတွေမှာပဲ ဟောပြော ကြတာပါ။ နိုင်ငံရေးတရားဟောတဲ့ နိုင်ငံရေးသမားတွေအတွက် တီးတာ။ အားပေးလို့ သဘောကျလို့ တီးတာ မဟုတ်ဘူး။ နိုင်ငံရေးအကြောင်းကို
ပြောလို့ သဘောကျတဲ့ လက်ခုပ်သံပါ။ ရယ်ရလွန်းအားကြီးပြီး သဘောကျလို့ တီးရတဲ့ လက်ခုပ်သံဆိုရင် ပိုကောင်းမယ်။ နောက်ဒီပွဲတစ်ပွဲလုံးရဲ့ ဆုပေးပုံစနစ် မကြိုက်ဘူး။
ဘာကြောင့်မကြိုက်လဲဆိုတာ ပြောပြပေးပါဦးအစ်ကို။
ပရိသတ်တွေပေးတဲ့ဆုနဲ့ ရတဲ့ဆုက သတ်သတ်ဖြစ်နေသလိုပဲ။ ဘယ်အဖွဲ့ကို မကြိုက်ဘူး၊ ဘယ်အဖွဲ့ကို ရစေချင်တယ်ဆိုတဲ့ ပုဂ်္ဂိုလ်စွဲစိတ်မရှိပါဘူး။ ပရိသတ်တွေပေးထားတဲ့ သူက သတ်သတ်ရသွားတဲ့ သူက သတ်သတ်လို့ စိတ်ထဲမှာထင်မိပါတယ်။ တစ်ခါတစ်လေကျရင် ပွဲတွေမှာ ပရိသတ်က အားပေးတယ်ဆိုပြီး ဒိုင်တွေက အမှတ်တွေပေး၊ ဆုတွေရအောင်ပေးလိုက်ပေမယ့် တကယ်ကို အရည်အချင်းမရှိ သူတွေကို ပေးမိတာဆိုရင် ဒိုင်တွေအနေနဲ့ သတိထားသင့်တယ် ထင်တယ်။ ဒိုင်တွေမှာရော ကိုယ်ပိုင်ဆုံးဖြတ်ချက်ရှိလားဆိ
အနုပညာလောကထဲကို ဇာတ်သဘင်ကစပြီး အောက်သက်ကျေပြီး ငယ်စဉ်ကတည်းကစခဲ့တယ်လို့ သိရတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ပြောပြပေးပါဦး။
ရိုးရိုးရှင်းရှင်းလေးပါပဲ။ အဒေါ်က ရွာမှာ အရပ်အငြိမ့် ကတယ်။ ဒီရန်ကုန်ရောက်တော့ ဗလာဇာတ်ကလေးတွေမှာ ကတယ်။ အစ်ကိုက ၀ါသနာပါတော့ ကလေးသရုပ်ဆောင်အနေနဲ့ ကတယ်။ ကြီးလာတော့ ၀ါသနာပါတဲ့အတွက် တချို့ဇာတ်ကလေးတွေမှာ ကတယ်။ ဆိုဗီယက်ပြန် ဦးလှမိုးဆီမှာ ပြန်ပြီး အကသင်တယ်။ သူက ရာမာယဏနကတာ နာမည်ကြီးတယ်။ သူက ယောက်ျားအစစ်။ သူက မိန်းမကြမ်း ကတာပေါ့။ အရမ်းတော်တယ်။ ဂမ်္ဘီနေရာက ကတာ။ ဂမ်္ဘီဆိုတာက ဒဿဂီရိရဲ့ ညီမပေါ့။ အဲဒီလိုသင်ပြီးနောက်မှာတော့ ရွှေခြည်ထိုးပညာကိုပါ တတ်ခဲ့တယ်။ ၁၉၈၃- ၁၉၈၄ ခုနှစ်လောက်ကပေါ့။ တော်တော်ငယ် သေးတယ်။ ကကွက် မှတ်လောက်နိုင်တဲ့ အရွယ်ပေါ့။ ကျောင်းအိပ် ကျောင်းစားနဲ့သင်တယ်။ ဆရာဆီမှာ ရိုးရိုးအလှကတာလည်း သင်ပေးသလို မီးတန်းတို့၊ မီးကွင်းတို့၊ ကြိုးတန်းတို့၊ မီးတုတ်တို့၊ စက်သီးနဲ့ကတာတွေက အစသင်ခဲ့ရတယ်။ အခု ကီးဘုတ်တီးနေတဲ့ စန္ဒရားသန်းကြွယ်ရဲ့သား အောင်မြတ်ထွဋ်ကလည်း အစ်ကိုရဲ့စီနီယာပါ။ ဆရာဆီမှာ အဖေနဲ့ အမေကွဲလို့ ကျောင်းအိပ် ကျောင်းစားအနေနဲ့ အပ်ထားတာပါ။ နောက် ကျောင်းပြန်တက်တယ်။ စာမေးပွဲဖြေပြီးတဲ့ ငါးတန်းတက်ပြီးအချိန်မှာ ကျောင်းမတက်ချင်တော့ ကြောင့် ပန်တျာကျောင်းတက်ဖြစ်ခဲ့တယ်။ အဲဒီနောက်မှာတော့ ယဉ်ကျေးမှုမှာ ၀န်ထမ်းအဖြစ်နဲ့ ၁၉၉၀ ခုနှစ်ကနေပြီး ၁၉၉၃ ခုနှစ်အထိ ၀န်ထမ်းလုပ်ခဲ့တယ်။ အပြင်မှာ ပွဲလေးတွေကို လက်ခံပြီး ကနေခဲ့တယ်။ ကားရိုက်တာက ၁၉၉၀ ခုနှစ်က “သံမဏိဘကျော်” ကားကို နေ့စားအနေနဲ့ တစ်နေ့ကို ၂၀၀ နဲ့ ရိုက်ခဲ တယ်။ မှတ်မှတ်ရရကို မင်းသားက ရှိုင်းအောင်၊ မင်းသမီးက ထူးမွန်ပါ။ ဗီဒီယိုပေါ့။ ဒါရိုက်တာက ဦးဝေဦး ပါ။ ၁၉၉၁ ခုနှစ်မှာ ရုပ်ရှင်ကားကြီးရိုက်ခဲ့တယ်။ ကျော်သက်တို့နဲ့ပေါ့။ ဒါရိုက်တာ ဦးတင်ဦးပါ။ ကိုကွမ်း သီးမရလို့ ကိုယ့်ကို ခေါ်တာပါ။ အဲဒီအချိန်မှာ ကိုသားကြီးက အရမ်းအောင်မြင်နေတယ်။
အငြိမ့်ပြိုင်ပွဲတစ်ခု ၀င်ပြိုင်ခဲ့သေးတယ်နော်။
ဟုတ်တယ်။ ၁၉၉၃ ခုနှစ်က မြ၀တီအငြိမ့်ပြိုင်ပွဲမှာ ၀င်ပြိုင်ခဲ့တယ်။ “မကရရင် မနေနိုင်ပါ” ဆိုတဲ့ ကားနဲ့ ပရိတ်သတ် သိသွားတယ်။
အခုချိန်မှာ ဇာတ်ပို့သမားတွေအနေနဲ့ အနုပညာကြေးရရှိမှု အဆင်ပြေရဲ့လား။
မျှတမှုတော့ မရှိပါဘူး။ သူတို့ရတဲ့ အစွန်းထွက်တောင် ကိုယ်တွေရတာ မရှိပါဘူး။ ဇာတ်ကားရိုက်ရင် ဇာတ်ပို့တွေအနေနဲ့ မင်းသားနဲ့ ဇာတ်ဝင်ခန်းပါရင်ပါသလို ၀တ်စားရပေမယ့် ရတဲ့ အနုပညာကြေးနဲ့ ကွာဟပါတယ်။ နောက်ပြီး ရုပ်ရှင်အစည်းအရုံးအနေနဲ့လည်း ညှိနှိုင်းပေးမှုတွေ လုပ်သင့်တယ်။
No comments:
Post a Comment