Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 24, 2013

ဂျာမန် ဘောက်စ်ဝက်ဂွန်ကားကုမ္ပဏီ မြန်မာကို ပြန်လည် ၀င်ရောက်ပြီ



 မြန်မာနိုင်ငံဟာ အခုဆိုရင်   နိုင်င်ငံရေး   အခြေအနေပြောင်းလဲလာမှုတွေကြောင့် ပြည်ပက စီပွားရေး လုပ်ငန်း ကြီးတွေလဲ ပြည်တွင်း ကို ဦးလှည့်လာနေကြပါတယ်။

အခုဆိုရင် မြန်မာပြည်မှာ အမေရိကန်ကား ကုမ္မဏီတွေလဲ လာရောက်ဖွင့်လှစ်နေကြပါပြီ။ အရင်အချိန်တွေ ကဆိုရင် စစ်အစိုးရလက်ထက် စီးပွားရေး ဒဏ်ခတ် အရေးယူမှုတွေကြောင့် ရင်းနှီးမြုပ်နှံမှုတွေရပ်ဆိုင်းခဲ့တဲ့ ဂျာမန်ဘောက်စ် ၀က်ဂွန်ကား ကုမ္ပဏီဟာ မြန်မာနိုင်ငံသို့ ပြန်လည် ၀င်ရောက်ရင်းနှီးမြုပ်နှံတော့မှာပါ။

အခုပြန်လည် ရင်းနှီးမြှုပ်နှံမယ့် ဂျာမန် ဘောက်စ်ဝက်ဂွန် ကုမ္ပဏီဟာ မြန်မာနိုင်ငံနဲ့ လုပ်ထားတဲ့ Yoma Strategic Holdings နဲ့ အကျိုးတူ ပူးပေါင်းမှာဖြစ်တယ်လို့ ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြထား ပါတယ်။ ဒီလထဲမှာဘဲ ရန်ကုန်မှာ မော်တော်ကား ၀န်ဆောင်မှု စင်တာ ဖွင့်လှစ်သွားမှာ ဖြစ်တာကိုလည်း ယနေ့ ထုတ် ဘန်ကောက်ပို့စ်က ဖော်ပြထားပါတယ်။

 ဘောက်စ်ဝက်ဂွန် ကားကုမ္ပဏီကို ဂျာမဏီနိုင်ငံ ၀ူးဖ်စ်ဘုဂ် ( Wolfsburg) မြို့မှာ ၁၉၃၇ ခုနှစ်က စတင် တည်ထောက်ခဲ့ တာဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာတော့ ကမ္ဘာတ၀န်း ရင်းနှီးမြှုပ်နှံမှု ယူရို ဘီလျံ ၁၀၀ ကျော် ရှိပါ တယ်။


 အိမ့်သံစဉ်(ဧရာဝတီ)

No comments:

Post a Comment