Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 1, 2013

ဆီးဂိမ်းလှုံ့ဆော်ရေး’အိုးဝေအိုး’သီချင်းကို အားမာန်အပြည့်နဲ့သီဆိုထားတဲ့ သျှီ

အမျိုးသမီးရော့ခ် တေး သံရှင်သျှီက ဆီးဂိမ်းလှုံ့ဆော် ရေးသီချင်းအနေနဲ့ “အိုးဝေအိုး” ဆိုတဲ့တေးရေး ရွှေဂျော်ဂျော်ရဲ့သီချင်းကို သီဆိုထားပါတယ်။ ” အရှေ့တောင် အာရှ
သူရဲကောင်းများ” ဆိုတဲ့ စီးရီးမှာပါဝင်မယ့် ” အိုးဝေအိုး”  သီချင်းနဲ့ပတ်သက်ပြီး ပါဝင်သီဆိုဖြစ်ပုံကိုသျှီက ” သျှီ့အနေ နဲ့က ဆီးဂိမ်းကို စိတ်ဝင်စားတယ်။ အခုအချိန်မှာပို စိတ်ဝင်စား တယ်။တိုင်းပြည်ရဲ့အခြေ အနေအရအိမ် ရှင်လုပ်ခွင့်ရတယ်။ ပြီးတော့ တိုင်းပြည်ကအပြောင်းအလဲနဲ့ ကမ္ဘာကအာရုံစိုက် နေတဲ့အချိန်။ ဒီအချိန်မှာ အချိန် ကိုက်ဖြစ်တာပေါ့။ အခွင့်အလမ်းတစ်ခုပဲလို့ ယုံကြည်တယ်။သျှီ့အနေနဲ့လည်းတစ်ထောင့် တစ်နေရာက ပါချင်တယ်။ အဲဒီအချိန်မှာ ဒီအခွေမှာ ပါဖို့ဖြစ်လာတယ်။ ပြီးတော့ သီချင်းကလည်း ကိုရွှေဂျော်ဂျော်ရေးတဲ့ သီချင်းလည်းဖြစ်တော့ ပြောစရာတောင် မလိုဘူး။ပြီးတော့ ခေါင်းစဉ်ကလည်း “အိုးဝေအိုး” ဆိုတာနဲ့ ပိုပြီးကြက်သီးတောင် ထတယ်။ အိုးဝေဆို တာ မြန်မာတွေအတွက် Trade Mark လို့တောင်ပြောလို့ရတယ်။ပြီးတော့ စာသားတွေမှာလည်း အားကစားနဲ့ပတ်သက်ပြီး အနှစ်သာရ လည်းအပြည့် ရှိတယ်။ ဒီလိုအင်အားပါ တဲ့သီ ချင်းမျိုးကိုဆိုရတဲ့အတွက် မြန်မာလူမျိုးတစ်ယောက်အနေနဲ့ရော၊အဆိုတော်တစ် ယောက်အနေနဲ့ရောတအား ကျေနပ်မိပါတယ်”  လို့ သျှီက “အိုးဝေအိုး” သီချင်း သီဆိုမှု နဲ့ပတ်သက်ပြီး ပြောပါတယ်။
ဒီသီချင်းကိုအသံသွင်းစဉ်ကလည်းအားမာန်အပြည့်နဲ့သီဆိုခဲ့ရတယ်ဆိုတဲ့သျှီက ဒီသီချင်း ကအားကစားပွဲအတွက်ညာသံ ပေးပြီးအားပေးတဲ့ပုံစံမျိုး လည်းဖြစ်တယ်လို့ သျှီ က ပြောပါတယ်။ ဆီးဂိမ်းလှုံ့ဆော်ရေး သီချင်းလည်းသီဆိုဖြစ်သူ သျှီက နှစ်သက်တဲ့ အားကစားအနေ နဲ့ဆိုရင်တော့ပြေးလွှားအား စိုက်ရတဲ့ အားကစားမျိုးကို ပိုပြီး သဘောကျ တယ်လို့လည်း ဆိုပါတယ်။ဆက်လက်ပြီး ဆီးဂိမ်းပြိုင်ပွဲရောက်လာရင် လည်းအချိန်ပေးပြီးသွား ရောက်ကြည့်ရှုဖြစ်မယ့် သျှီက အားလုံးကိုလည်း အားပေးစေ ချင်ပြီး ဆီးဂိမ်းပွဲက အားကစားပွဲတစ်ခုအပြင် အမျိုးသားရေးအနေနဲ့လည်း ဆိုင်တယ်လို့ ပြောပါတယ်။ ” မြန်မာတွေရဲ့စိတ် ဓာတ်ကိုလည်းပြရမှာပါ။ ပရိသတ်တွေ ကို တစ်ခုလေး မေတ္တာ ရပ်ခံချင်တာက သျှီတို့မြန်မာ လူမျိုးက အခြေခံစိတ်ဓာတ်တွေ ကောင်းပြီးသားပါ။ ပြိုင်တဲ့ အခါကျရင်တော့နိုင် ချင်ဇော လေးနည်း နည်းလေး လော သွား ပြီးတော့အားပေးကြမ်းတယ် ပေါ့။အားပေးကြမ်းပြီး ကိုယ့် ကိုယ်ကိုယ်ရော၊ကိုယ့်လူမျိုးရဲ့ အင်းမေ့ဂ်ျ ကိုရောထိခိုက်စေမယ့် အပြုအမူမျိုးေ တွတွေ့ ရင် တော့ ရင် ထိတ်မိတယ်။ဆရာ ကြီး လုပ်တာတော့မဟုတ်ပါဘူး။ အားလုံး  သတိလေးရှိပြီးတော့ ရှုံးတာ၊နိုင်တာထက် ယှဉ်ပြိုင် ခြင်းကအဓိကဆိုတဲ့ အားကစား စိတ်ဓာ တ်နဲ့ အားေ ပးကြမယ်။ မြန်မာလူမျိုးတွေဘယ်လောက် ဖြူစင်တယ်ဆိုတာကို ပြသကြ ပါလို့မေတ္တာရပ်ခံချင်ပါတယ်”  ဆိုတာကိုလည်း သျှီက ပရိသတ် ကိုပြောပြခဲ့ပါတယ်။
ရဲရဲ

No comments:

Post a Comment