Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 22, 2013

ရွှေဈေး ဆက်တက်နိုင်ကြောင်း ခန့်မှန်း

ရန်ကုန်၊ အောက်တိုဘာ ၂၁

ကမ္ဘာ့ရွှေဈေး ပြန်လည် မြင့်တက်လာသောကြောင့် ပြည်တွင်းရွှေဈေး မြင့် တက်လာပြီး ရှေ့လျှောက်လည်း ဆက်လက်မြင့်တက်နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။

ပြည်တွင်းရွှေဈေးမှာ အခေါက်ရွှေ တစ်ကျပ်သားလျှင် ၆၉၀,၀၀၀ ကျပ်အထိနှင့် ကမ္ဘာ့ရွှေ တစ်အောင်စလျှင် ၁၃၃၅ ဒေါ်လာအထိ ဆက်လက်မြင့်တက်နိုင်ကြောင်း ၎င်းကပြောဆိုသည်။
“ရွှေဈေးက ပြန်တက်နေတယ်။ လာမယ့်နှစ်ပတ်လောက် အတွင်းတော့ ဈေးက ပြန်မကျနိုင်တော့လောက်ဘူး” ဟု တိတ်စိန် ရွှေဆိုင်လုပ်ငန်းရှင် ဦးဇော်အောင်က သုံးသပ်သည်။

ရွှေဈေးကွက်သဘောအရ ရွှေဈေး တက်သော်လည်း ရောင်းကောင်းသည့် ရာသီရောက်ပါက ရွှေဈေးတက်သည်ဖြစ်စေ၊ ကျသည်ဖြစ်စေ ဈေးကွက် အတွင်း အရောင်းအဝယ်ကောင်းကြောင်း ၎င်းကရှင်းပြသည်။

အောက်တိုဘာလ ၂၁ ရက်နေ့က ပြည်တွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ၆၈၅,၆၀၀ ကျပ်နှင့် ကမ္ဘာ့ရွှေ တစ်အောင်စလျှင် ၁၃၂၀ ဒေါ်လာ ဖြစ်ကြောင်း ရွှေဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။

No comments:

Post a Comment