Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 3, 2013

သုံးလအတွင်း အကြွေနှင့် ဟောင်းနွမ်း ငွေစက္ကူ ကျပ်သန်းတစ်ရာကျော် လဲလှယ်

မန္တလေး၊ အောက်တိုဘာ ၂

မြန်မာနိုင်ငံတော် ဗဟိုဘဏ် (အထက်မြန်မာပြည်ဌာနခွဲ) မှ အများပြည်သူသို့ ၂၀၁၃ ခုနှစ် ဧပြီလမှ ဇွန်လအထိ သုံးလအတွင်း ငွေအကြွေနှင့် ဟောင်းနွမ်း ငွေစက္ကူ တန်ဖိုးကျပ်သန်း ၁၂၇ ပမာဏ လဲလှယ်ပေးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သုံးလပတ်လုပ်ငန်း အစီရင်ခံစာအရ သိရသည်။

မြန်မာ့စီးပွားရေးဘဏ်ခွဲ သုံးခုတွင် ငွေအကြွေများ လဲလှယ်ပေးသည့်အပြင် ဟောင်းနွမ်း စုတ်ပြဲသည့် ပိုက်ဆံများကိုလည်း ဘဏ်ရုံးချိန်အတွင်း လဲလှယ်ပေးမှု ရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ငွေလဲတာ ပမာဏများရင်တော့ တစ်ခါတည်းနဲ့ မရဘူး၊ လဲလှယ်တဲ့ ပမာဏ မသတ်မှတ် ထားပေးမယ့် အကြိမ်ခွဲပြီး လဲလှယ်ပေးတယ်” ဟု ၎င်းကဆိုသည်။

ငွေစက္ကူ အကြွေများ ပြန်အမ်းရာတွင် အခက်အခဲ ဖြစ်သဖြင့် ပြင်ပတွင် ကျပ် တစ်သောင်းဖိုး အကြွေ လဲလှယ်ပါက ကျပ် ၈၀၀၀ ဖိုးဖြင့် အကြွေလဲလှယ် ရရှိကြောင်း၊ ပွင့်လင်းရာသီ သီတင်းကျွတ် ကာလနီးလျှင် ၅၀ ကျပ်တန်၊ တစ်ရာကျပ်တန် ငွေစက္ကူ အသစ်များကို အပိုပေးကာ ဝယ်ရမှု ရှိတတ်ကြောင်း မန္တလေးမြို့ဒေသခံများက ပြောကြားသည်။

ယခုနောက်ပိုင်း အကြွေပေါလာသဖြင့် ယင်းကဲ့သို့ အပိုငွေပေးရကာ လဲလှယ်စရာ မလိုတော့ကြောင်း ဆီလုပ်ငန်းရှင် ဦးသန်းလွင်က ပြောကြားသည်။
“လွန်ခဲ့တဲ့ ၂ နှစ်လောက်ကဆိုရင် ၅၀ တန်၊ ၂၀၀ တန်ရှားလို့ အကြွေကို အလိုက်ပေးပြီးကို လဲရတာ။ ခုတော့ ပေါနေပြီဆိုတော့ လဲစရာ မလိုတော့ဘူး” ဟု ၎င်းကဆိုသည်။

No comments:

Post a Comment