Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 19, 2013

အောက်တိုဘာ(၂၁)ဆီးဂိမ်းလှုံ့ ဆော်ပွဲဖက်ရှင်ပွဲဝင်အလှမယ်များ

အောက်တိုဘာ(၂၁)၇က်နေ့ ညနေ(၄)နညရီမှည(၁၀)ထိ
Junction squareရှေ့ မှာဖျော်ဖြေတင်ဆက်မယ့်Road To
Myanmar,Road To Sea Games ဂီတနဲ့ ဖက်ရှင်ပွဲကြီး
မှာပါဝင်ဆင်နွှဲဖို့ Miss Newzeland ,Miss Mongolia,
Miss Estonia,Miss Italy နဲ့  Miss Singaporeတို့ မြန်မာ
ပြည်တို့ ရောက်ရှိနေပြီဖြစ်ပါတယ်။ရောက်ရှိဖို့ ကျန်ရှိနေ
သေးတဲ့နိုင်ငံတကာအလှမယ်တွေလည်းဆက်တိုက်
ဆိုသလိုရောက်ရှိလာကြတော့မှာဖြစ်ပြီးအဆိုပါRoad To
Myanmar,Road To Sea Games အမည်ရဆီးဂိမ်းလှုံ့ ဆော်
ပွဲမှာဖက်ရှင်လျှောက်လှမ်းပေးကြမယ့်နိုင်ငံတကာအလှမယ်
တွေဟာယမန်နှစ်ကဂျပန်နိုင်ငံမှာကျင်းပခဲ့တဲ့
Miss International 2012ပြိုင်ပွဲမှာMiss အင်တာနက်ဆုရ
မြန်မာအလှမယ်နန်းခင်ဇေယျာနဲ့ အတူပါဝင်ခဲ့သူတွေလို့ 
သိရပါတယ်။နိုင်ငံတကာအလှမယ်များ၊နိုင်ငံတကာပြိုင်ပွဲ
ဆုရမြန်မာအလှမယ်များပါဝင်တဲ့
အမျိုးသမီးဖက်ရှင်မယ်(၁၄)ဦးနဲ့ အတူမြန်မာရုပ်ရှင်
အနုပညာရှင်မင်းသားများ၊မော်ဒယ်များပါဝင်တဲ့
အမျိုးသားဖက်ရှင်မောင်(၁၄)ဦးပါဝင်မှာဖြစ်ပါတယ်။
ဖျော်ဖြေပွဲကြီးပြီးလျှင်နန်းခင်ဇေယျာက Miss
International 2012 မှ Miss များနဲ့အတူ ပုဂံ ညောင်ဦး
သို့သွားရောက်ပြီး အနာဂတ်မျိုးဆက်သစ်လူငယ်ကလေး
ငယ်များရဲ့ ပညာရေးကို အထောက်အကူဖြစ်စေရန်၊
ဗဟုသုတအသိဥာဏ်ပညာတိုးတက်စေရန်၊
ကျောင်းသားကျောင်းသူ များ စာဖတ်စွမ်းအားမြင့်မားပြီး
ထူးချွန်ထက်မြက်စေရန် ရည်ရွယ်ပြီး ပရဟိတလုပ်ဆောင်
မှုအဖြစ် စာကြည့်တိုက်သို့ စာအုပ်များ သွားရောက်လှူဒါန်းမှာဖြစ်
ကြောင်းလည်းသိရပါတယ်။
သတင်း-ပေါ်ပြူလာ
photo credit-Nang Khin Zay Yar





No comments:

Post a Comment