Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 25, 2013

ကျောင်းသားလေးကို မတော်တရော်ပုံတွေပြပြီး လိင်ယူခဲ့သည့် လက်ထောက်ဆရာမ


ဗြိတိန်နိုင်ငံတွင် အသက်(၅၇)နှစ်အရွယ် အိမ်ထောင်ရှိသော လက်ထောက်ကျောင်းဆရာမက သူမထက် အသက်(၄၀)ကျော်ငယ်သော ကျောင်းသားကလေးအား မတော်တရော်ပြုလုပ်နေသည့် ဓါတ်ပုံများ (pornographic images)အား ပြသပြီး လိင်မှုဆက်ဆံခြင်း ပြုလုပ်ခဲ့သည်ဟု သိရသည်။

ထိုလက်ထောက်ဆရာမတွင် အသက်(၂၆)နှစ်အရွယ် နှင့် အသက်(၂၉)နှစ်အရွယ် သမီးနှစ်ယောက်ရှိပြီး မြေးနှစ်ယောက်၏ အဖွားဖြစ်ကာ လက်ရှိတွင် တတိယမြောက် ခင်ပွန်းနှင့် ပေါင်းသင်းနေထိုင် လျက် ရှိကြာင်း သိရ သည်။

အဖွားဟူသည့် ရာထူးရထားသော သူမက ကျောင်းတွင် သင်ကြားပြသရေး၌ ကူညီနေရင်း တွေ့ဆုံခဲ့သော အသက်(၁၅)နှစ်အရွယ် ကျောင်းသားကလေးနှင့် လိင်မှုဆက်ဆံခြင်း ရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် သူမအား သူမလုပ်ကိုင်လျက်ရှိသော လက်ထောက်ဆရာမတာဝန်မှ ရပ်ဆဲထားပြီး ဆယ်ကျော်သက်ကျောင်းသားအား ဖျားယောင်းသွေးဆောင်ပြီး လိင်ဆက်ဆံမှုဖြင့် အမှုစွဲထားကြောင်း သိရသည်။

သူမက ထိုပြစ်မှုကို ၂၀၁၂ ဇွန်လ(၁)ရက်နေ့မှ ယခုနှစ် မေလ(၁၃)ရက်အတွင်း ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲခံထားရခြင်းဖြစ်သည်။

ယင်းအမှုအား သူမက အယူခံဝင်ခြင်းမရှိသဖြင့် Chelmsford Crown တရားရုံးသို့ ထိုအမှုတွဲအား ပို့ဆောင်ကာ နောင်နှစ်ဆန်း၌ တရားရုံးက ကြားနာမည်ဖြစ်ကြောင်း သိရသည်။

Source : Daily Mail

ပုံရိပ်(burmesehearts.com)

No comments:

Post a Comment