Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 18, 2013

အငွေ့အသက်


မိုဃ်းဇော်

အချစ်ရေ
ငါ့မြစ်ဖျားက
မေခ မလိခ မဟုတ်
ရေဆိုးမြောင်းတို့ဝန်းရံရာ
အိမ်မဆန်တဲ့အိမ်ပဲ။

မင်းကို
အပျိုစစ်မစစ်ထက်
ငါ့အပေါ်ဘယ်လောက်ချစ်မချစ်ထက
လေကောင်းလေသန့်ဖြစ်ထွန်းတဲ့အိမ်မှာသာ
မင်းနေထိုင်သင့်ပါတယ်။

ဒီကနေ့အဖို့
ဖုန်မှုန့်တွေသရုပ်ဆောင်တဲ့ဇာတ်ရုံထဲ
ဘာကိစ္စအချိန်ကုန်ခံမလဲကွာ
ငါ့အနမ်းတစ်ပန်းကန်က
ရုပ်ရှင်ထက်တောင်ဖျော်ဖြေရေးပိုဆန်သေးရဲ့ ။

ငါ့အလွမ်းကိုပိတ်ဆို့ထားတဲ့အခါ
မင်းမျက်ရည်ဟာလွတ်မြောက်လာလိမ့်မယ်
ငါ့အော်သံတစ်ဘ၀မှာ
မင်းတစ်ယောက်ပျော်ပါးဖို့ နှစ်ပေါင်းများစွာ။


(ချယ်ရီမဂ္ဂဇင်း၊၂၀၀၈။)

No comments:

Post a Comment