CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှု အတွင်းဒဏ်ရာများ ဆေးစစ်ချက်တွေအရ တွေ့ရှိ
နေ့သစ် ၊၂၄ အောက်တိုဘာ ၂၀၁၃
နိုင်ငံရေးသားဟောင်းတချို့ ကျန်မာရေးစစ်ဆေး ရာမှာ စစ်ကြောရေးနဲ့
ထောင်တွင်းနှိပ် စက်မှုတွေကြောင့် တချို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့
ခန္ဓာကိုယ်ထဲမှာ အတွင်းကြေဒဏ်ရာတွေနဲ့ အပြင်းအထန်ခံစား နေရတာ ရှိတယ်လို့
သိရှိရပါတယ်။
လမ်းမတော်မြို့နယ်ရှိ Green Cross ဆေးရုံမှာ ဆေးစစ်ချက်ခံယူ
ကုသနေပြီးလွန်ခဲ့သော သုံးလခန့်က လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်
းသားဟောင်းကိုအေးမင်းနိုင်ပြောပြချက်အရ
“စစ်ကြောရေးတုန်းက စရဖ နှင့်SB တွေ ခါးရိုးကိုရိုက်နှက်တယ်၊နှလုံးတည့်တည့်က
လက်သီးနဲ့ အချက်ပေါင်းများစွာ နေ့စဉ်ရက်ဆက် ဖြေးဖြေးထိုးတယ်၊ဦးခေါင်းကို
တုတ်ဖြင့်ရိုက်နှက်တဲ့ ဒဏ်တွေပေါ့ဗျာ၊ အခု ကျနော်တို့ ဖြစ်နေတဲ့
စစ်အစိုးရရဲ့ စစ်ကြောရေးတို့ ထောင်တို့ကနေ ရလာခဲ့တဲ့ဒီဒဏ်ရာ ဒဏ်ချက်တွေနဲ့
ပတ်သက်လို့ကတော့ တာဝန်ရှိတဲ့သူကတော့ အစိုးရ ပေါ့၊ဒါပေမယ့်ဘယ်သူကမှတာဝန်မယူပါ၊ တောင်းပန်ရကောင်းမှန်းလည်းအသိမရှိကြပါဘူး၊ ကျနော်တို့ကိုလမ်းမတော်မြို့နယ်Green Cross ဆေးရုံက စစ်ဆေးပေးပြီးဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းက တာဝန်ယူပေးနေတာပါ”
အောက်တိုဘာ ၂၀ ရက်နေ့က Green Cross ဆေးရုံရဲ့ ဆေးစစ်ချက်တွေအရ
ကိုအေးမင်းနိုင် ရဲ့ ဝဲဘက်နံရိုးနုနှစ်ခုပြားပြီး ကြေသွားတယ်၊ အခုချိန်မှာ
သူဟာ ခါးပတ်အမြဲပတ်ထားနေရတဲ့ အခြေအနေဖြစ်နေတယ်လို့ တဆက်တည်းပြောပြ
ပီး၊သူနဲ့အတူ ဆေးအစစ်ခံနေကြတဲ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ
ကိုသက်ဦး၊ ကိုအေးမင်းနိုင်ရဲ့ ဇနီးဖြစ်သူနိုင်ငံရေးမှုနဲ့ ထောင်ကျခဲ့တဲ့
မစန်းစန်းမော်နဲ့ ကိုခင်မောင်လင်း တို့လဲဆေးစစ်ဆေးခံယူနေတယ်လို့
သိရှိရပါတယ်။ တဆက်တည်းမှာပဲNLD သုံးရောင်ခြယ်ပေါင်းကူးမှ
ကိုမြတ်စံလည်းခါးဆစ်ရိုးမှာ ရရှိတဲ့ဒဏ်ရာကြောင့် ဒီဆေးရုံမှာပဲ
တက်ရောက်ကုသနေတယ်လို့ ဆိုပါတယ်။
လက်ရှိအခြေအနေမှာကိုပဲထောင်ထဲမှာ နိုင်ငံရေးအကျဉ်းအဟောင်းတွေအပြင အသစ်တွေလဲ ထပ်တိုးရှိနေတဲ့အတွက် သူတို့အတွက် စိုးရိမ်ကြောင်းကိုကိုအေးမင်းနိုင်ကပဲ အခုလို ဆက်လက်ပြောပြပါတယ်...
“ယခုလက်ရှိလည်းနိုင်ငံရေးအကျဉ်းသားတွေ
ရှိနေသေးတယ်။ ဒီလို နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီးစစ်ဆေးတဲ့အခါ
မနှိပ်စက်ဖို့ လူသားချင်းစာနာဖို့ အမှန်တကယ်မကျုးလွန်ဘဲနဲ့ တွေ့သမျှလူကို
ဖမ်းဆီးနှိပ်စက် ထောင်ချတာတွေ စစ်အာဏာရှင်စနစ်မှာ ဖြစ်ခဲ့ပြီး၊အခု
ဒီမိုကရေစီစနစ်ကိုဖော်ဆောင်နေတဲ့အရင်စနစ်က လူတွေပဲအုပ်ချုပ်နေတဲ့ အစိုးရဆိုတော့ ယခုလို လုပ်ရပ်မျိုးကိုဆက်လက်လုပ်ဆောင်နေ သေးတယ်ဆိုရင် ဘဝနဲ့ရင်းပြီး စနစ်ပြောင်းအောင ကြိုးပမ်းခဲ့တာတွေဟာ သဲထဲရေသွန်သလို အရာမထင်ဖြစ်နေခဲ့ရင်တော့၊ဒီမိုကရေစီလို့ အော်နေတဲ့ အခု အုပ်ချုပ်သူတွေကပဲတာဝန် ယူပေးရမှာ ဖြစ်တယ်ဘာကြောင့်လဲဆိုတော လက်ရှိအုပ်ချုပ်သူတွေဖြစ် လို့ပဲ”
X2O သင်္ကြန်မဏ္ဍပ်ဗုံးပေါက်ကွဲမှုမှာ မသင်္ကာလို့ အဖမ်းဆီးခံထိပြီးလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတဲ့ကိုဖြိုးဝေအောင် ဆိုရင်လဲထောင်ကလွတ်ပြီးမကြာခင်မှာပဲ သေဆုံးသွားခဲ့တဲ့ဖြစ်ရပ်နဲ့ အလားတူဖြစ်စဉ်များလဲ ရှိခဲ့ဖူးပါတယ်။
ထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှု အတွင်းဒဏ်ရာများ ဆေးစစ်ချက်တွေအရ တွေ့ရှိ
Reviewed by
VC
on
October 27, 2013
Rating:
5
No comments:
Post a Comment