Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 22, 2013

ဘယ်လ်ဂျီယံနိုင်ငံ အခြေစိုက် အထည်အလိပ် လုပ်ငန်းတစ်ခု မြန်မာနိုင်ငံတွင် လုပ်ငန်းများ လုပ်ကိုင်ရန် လာရောက်



၂၃.၁၀.၂၀၁၃၊ ဗုဒ္ဓဟူးနေ့

ဘယ်လ်ဂျီယံနိုင်ငံ အခြေစိုက် အထည်အလိပ် လုပ်ငန်းများ လုပ်ကိုင်နေသည့် Beaulieu International Group မှ မြန်မာနိုင်ငံတွင် လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် လာရောက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လုပ်ငန်းများ လုပ်ကိုင်ရာတွင် လိုအပ်သည့် လုပ်ထုံးလုပ်နည်းနှင့် ဥပဒေများ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု ဆိုင်ရာများကို Beaulieu International Group မှ ဒါရိုက်တာဖြစ်သူ Mr.Peter Desmet နှင့် အဖွဲ့မှ နေပြည်တော် ရုံးအမှတ် ၃၂ ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနသို့ လာရောက်ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

Beaulieu International Group သည် အထည်အလိပ် ထုတ်လုပ်သည့် လုပ်ငန်းကို အဓိက လုပ်ကိုင်နေသည့် လုပ်ငန်းစု တစ်ခုဖြစ်ပြီး ၁၉၅၉ ခုနှစ်တွင် ဘယ်လ်ဂျီယံနိုင်ငံ၌ပင် ရုံးချုပ်ကို စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကာ အထည်အလိပ် ထုတ်လုပ်သည့် ဈေးကွက်တစ်ခုကို ခိုင်မာစွာ ရရှိထားသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး အာရှနှင့် ဥရောပနိုင်ငံ ဈေးကွက်များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။

ယင်းအပြင် ကြမ်းခင်းများကိုလည်း ထုတ်လုပ်ရောင်းချလျက်ရှိပြီး ဥရောပနိုင်ငံရှိ ကြမ်းခင်းရောင်းချသည့် ဈေးကွက်ကို ဦးဆောင်နေသည့် ကုမ္ပဏီ တစ်ခုဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ် အတွင်း၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ပြည်ပနိုင်ငံများမှ လာရောက်မြှုပ်နှံရာတွင် အထည်ချုပ်လုပ်ငန်း ကဏ္ဍများတွင် ၀င်ရောက်မှုများပြီး ထိုင်း၊ စင်ကာပူ၊ ဟောင်ကောင်၊ တရုတ်နှင့် ကိုရီးယားနိုင်ငံတို့မှ လုပ်ကိုင်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုမိန့်များ ချထားပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ အီးယူကုန်သွယ်မှု အထူးအခွင့်အရေးအရ လက်ခစားစနစ်ဖြင့် ထုတ်လုပ်သည့် ကုန်စည်များအတွက် ဘယ်ဂျီယံနိုင်ငံအပြင် အီးယူနိုင်ငံများသို့ တင်ပို့လျက်ရှိရာ အခွန်ကင်းလွတ်ခွင့်များ ရရှိခဲ့ကြောင်း သိရသည်။

EMG

No comments:

Post a Comment