Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 24, 2013

ကိုယ်ဝန်ကိစ္စနှင့်စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်


ရဲဇာနည်

နေပြည်တော်၊ အောက်တိုဘာ ၂၄
၂၂-၁၀-၂၀၁၃ ရက်နေ့ ၁၆၃၀ အချိန် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကျုံမှိန်ကျေးရွာနေ ကိုလေး(၂၉)နှစ်သည် ၎င်း၏ဇနီးဖြစ်သူ မနော်ဖော့ကလော်(၂၇)နှစ်တွင် ကိုယ်ဝန်ရှိသည့်ကိစ္စနှင့်ပတ်သက်၍ မယုံသင်္ကာဖြစ်ပြီး နေအိမ်ရှိမိသားစုဝင်များနှင့်စကားများရန်ဖြစ်ခဲ့သည်။ ထိုသို့စကားများရန်ဖြစ်ရာမှ ကိုလေးက ဓါးဖြင့်ထိုးသဖြင့် ၎င်း၏ယောက္ခမဖြစ်သူ နော်အော်ခေး(၅၅)နှစ်တွင် ရင်ညွန့်ထိုးသွင်းဒဏ်ရာ၊ ဇနီးဖြစ်သူနော်ဖော့ကလော်တွင် ယာနို့အုံအောက်၊ ၀မ်းဗိုက်၊ ရင်ညွန့်တို့တွင် ထိုးသွင်းဒဏ်ရာ၊ ၀ဲလက်ဖျံပြတ်ရှ၊ ပွန်းပဲ့ဒဏ်ရာများရရှိကာသေဆုံးသွားခဲ့သည်။ ထို့ပြင် ဒေါ်နော်အော်ခေး၏ သမီးကြီး ဖြစ်သူ မနော်ကွာ(၃၃)နှစ်တွင် ၀ဲဘက်နံဘေးထိုးသွင်းဒဏ်ရာ၊ ၀ဲခါးစောင်းအထက်ထိုးသွင်း ဒဏ်ရာများ ရရှိခဲ့သောကြောင့် သထုံဆေးရုံသို့တင်ပို့ကုသခဲ့ပြီး ကိုလေးအား သိမ်ဆိပ်နယ်မြေရဲစခန်း(ပ) ၁၀၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment