Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 19, 2013

ကပ်ဆိုးသဖွယ် တွင်ကျယ်နေသော ကျွန်ပြုခြင်း



အောက်တိုဘာ ၁၉။

လူအများစုက ကျွန်ဟူသော စကားလုံးကို သမိုင်းစာအုပ်ထဲမှ အရာဟုသာ မှတ်ယူုနေချိန်တွင် မျက်မှောက် ကမ္ဘာတွင် ကျွန်ဇာတ်သွင်းသည့် ဖြစ်ရပ်များမှာ တဖြည်းဖြည်းများပြားလာခဲ့ပြီဟု သွန်မဆင်ရိုက်တာ ဖောင်ဒေးရှင်းမှ အလုပ် အမှုဆောင်ချုပ် Monique Villa က ဆိုလိုက်သည်။ သူသည် Global Slavery Index ကို ဦးဆောင်ရေး သားနေသည့် Kevin Bales လည်းပါဝင်သည့် မျက်မှောက်ခေတ် လူကုန်ကူးမှု ပြဿနာရပ်များ ဆွေးနွေးခန်းတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ကျွန်ပြုခြင်းသည် အတိတ်ခေတ်ကာများက ဇာတ်သိမ်းခန်း တိုင်ခဲ့ပြီဟု သမိုင်းစာအုပ်များ၊ ဇာတ်လမ်းများတွင် တွေ့ရသော်လည်း ၂၁ရာစုတွင် အချို့သော သူများအတွက် ကပ်ဆိုးသဖွယ် ကြုံတွေ့နေရကြောင်း စစ်တမ်းများ ထောက်ပြနေ၏။ ကျွန်ဟူသော အဓိပ္ပါယ်ကို ဖွင့်ဆိုရာတွင် တစ်စုံတစ်ယောက်၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာကို အလုပ်ရှင်က နည်းလမ်းအမျိုးမျိုးဖြင့် ထိန်းချုပ်ကာ အဓမ္မစေခိုင်းခြင်းဟု ဆိုကြသည်။

မဝေးလှသော အတိတ်ကာလများက အာဖရိကတွင် သားယောက်ျားလေးများကို စစ်သားအဖြစ် ရောင်းခြင်း၊ သမီးမိန်းက လေးများကို လိင်ကုန်အဖြစ် ရောင်းခြင်းများ ရှိခဲ့သည်။

ဥရောပအရှေ့ပိုင်း တိုင်းနိုင်ငံများတွင် ရာဇ၀တ်ဂိုဏ်းများက အရွယ်မရောက်သေးသည့် မိန်းကလေးများကိုပင် အတင်းအကျပ် ဖမ်းဆီးကာ မနှစ်မြို့ဖွယ် လုပ်ရပ်များအတွက် ရောင်းကုန် အဖြစ် အသုံးပြုခြင်းများ ရှိနေသည်။

ယင်းသို့ ကျွန်ပြုရာတွင် ငွေကြေးမက်မောမှုကြောင့်ဖြစ်ခြင်း၊ အပျော်အပါး မက်၍ဖြစ်ရခြင်း၊ ကြွေးမီမကင်း၍ ခံရခြင်း၊ စားဝတ်နေရေး ကျပ်တည်းခြင်းကြောင့် ဖြစ်ရခြင်း၊ ပညာမဲ့၍ ခံရခြင်း၊ မိဘမှ သားသမီးထံ ဆိုးမွေခံရခြင်း စသဖြင့် အမျိုးမျိုး ရှိသည်။ ထိုမျှမက မိမိလိုအင်ဆန္ဒ မပါဘဲ ဖမ်းဆီးကာ အသက်ကို ခြိမ်းခြောက်ပြီး အဓမ္မခိုင်းစေခံသည့် အတွက် မိမိမလိုချင်သော ဘ၀ဆိုးသို့ ကျရောက်ရသူ များစွာရှိသည်။

အဆိုးရွားဆုံးမှာ ကလေးသူငယ်များဖြစ်၏။ သူတို့သည် ခေတ်သစ်ကျွန်ပြုသည့် ဇာတ်အတွင်းဝယ် ပြည်တွင်းလုပ်သား ဖြစ်စေခြင်းများ၊ လိင်လုပ်သား ဖြစ်စေခြင်းများ၊ စစ်သားဘ၀သို့ အတင်းအကျပ်ပို့ဆောင်ခြင်းများဖြင့် သူတို့၏ ကိုယ်စိတ်နှစ်ပါးကို အသုံးချ ခိုင်းစေခြင်းမျိုးစုံ ပါဝင်နေသည်။

လက်ရှိအချိန်တွင် ယင်းသို့သော အဖြစ်ဆိုးကို နိုင်ငံတိုင်းလိုလိုက အနည်းအများ ကျူးလွန်နေဆဲပင်။ Global Slavery Index သည် ခေတ်သစ်ကျွန်ဇာတ်သွင်းသည့် ဖြစ်ရပ်များကို ထောက်ပြတားမြစ်ရန် ရည်ရွယ်သော အစီအစဉ် တစ်ခုဖြစ်သည်။ မျက်မှောက်ခေတ်ကာတွင် ကမ္ဘာပေါ်တွင် သူပေါင်း သန်း၃၀ကျော်သည် ထိုအဖြစ်မျိုးနှင့် ရင်ဆိုင်နေ ရ၏။

ထိုသန်း၃၀ကျော် စာရင်းထဲမှ ၇၆ရာခိုင်နှိုင်းသည် တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ နိုက်ဂျီးရီးယား၊ အီသရိုးပီးယား၊ ရုရှား၊ ထိုင်း၊ ကွန်ဂို၊ မြန်မာနှင့် ဘင်္ဂလားဒေ့ ဆိုသည့် နိုင်ငံ ၁၀နိုင်ငံ၌ ဖြစ်သည်။ ကျွန်ပြုခိုင်းစေမှု အမြင့်ဆုံးနိုင်ငံမှာ မော်ရီတေးနီးယား နိုင်ငံဖြစ်ပြီး ၃ဒဿမ၄ သန်းသော ပြည်သူများအနက် လေးရာခိုင်နှုန်းသည် ခေတ်သစ် ကျွန်ပြုသည့် နည်းလမ်းများနှင့် တစ်နည်းတဖုံ ရင်ဆိုင်နေရသည်။ မော်ရီတေးနီးယား နောက်တွင် ဟေတီ၊ ပါကစ္စတန်၊ အိန္ဒိယနှင့် နီပေါ နိုင်ငံများက အစဉ်အတိုင်း လိုက်နေသည်။

အိန္ဒိယမှ ၁၄သန်းမျှသော ပြည်သူများသည် ကြွေးမီပြဿနာ သို့မဟုတ် အလုပ် ဟူသော အကြောင်းပြချက်နှင့် နိုင်ငံတွင်း၌ပင် ကျွန်ပြုခြင်း ပြန်ခံနေရကြောင်း စစ်တမ်းများက ဆိုသည်။ ဆော်ဒီအာရေးဗီးယာ၊ ကာတာနှင့် ယူအေအီး ကဲ့သို့သော နိုင်ငံများတွင်မူ နိုင်ငံဖြတ်ကျော် အလုပ်သမားများသည် အခွင့်အရေးများစွာ ဆုံးရုံးနေပြီး အလုပ်ကြမ်းခိုင်း စေခံမှုနှင့် ကြုံတွေ့နေရသည်မှာ ဆယ်စုနှစ်တစ်စု ၀န်းကျင်ပင် ရှိနေပြီဖြစ်သည်။

Ref; Aljazeera
မြန်မာ့ခေတ်

No comments:

Post a Comment