Item Name --------- Dregea volubilis Benth (ခွေးတောက်ပင်)
Category ----------- Raw Material
Botany Term ------- Dregea volubilis Benth
Species Family ----- Asclepiadaceae
မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။သဘာဝအလျောက် ပေါက်ရောက်သည်။
အပင်
ရှည်လျားသော နွယ်ပင်မျိုးဖြစ်သည်။ ပင်စည်လုံးသည် အခေါက် ဘော်ငွေရောင်ပေါ်တွင် အညိုရောင်အဖု အစက်ကလေးများ ရှိသော်လည်း ချောမွေ့၏ ။ ပင်စည် မှ အခက်အလက်များထွက်၍ ထပ်မံ နွယ်တက်သည်။
အရွက်
ရွက်ဆိုင်ထွက်သည်။ နှလုံးပုံရှိ၍ ရွက်ထိပ်ချွန်ပြီးရွက်ရင်းအ
အပွင့်
ကြားထွက်ပန်းခိုင် ဖြစ်၍ ပန်းခိုင်မှာ ငိုက်ကျနေပြီး ထိပ်တွင် သေးငယ်၍ စိမ်းဝါရောင်ရှိသော အပွင့်များ စုပြုံ၍ ပွင့်သည်။ တစ်နှစ်ပတ်လုံး ပွင့် ၏ ။
အသီး
ကြီး၍ ပြောင်ချောပြီး ကျယ်ပြန့်သော လှံစွပ်ပုံရှိသည်။ အစိမ်းရောင်ရှိသည်။ အလျားလိုက်မြောင်းပါရှိသည်။
► အသုံးဝင်ပုံ
အရွက် ၊ အမြစ်။
အာနိသင်
မြန်မာဆေးကျမ်းများ အလိုအရ ခွေးတောက်သည် ခါးသက်သက်အရသာ ရှိ၏ ။ ပူ၏ ၊ ခါး၏ ၊ ၀မ်းမီးကို တောက်စေ၏ ၊ ကြေပျက်လွယ်၏ ၊ ဓာတ် ၊ လေများကို ခိုင်မာစေ၏ ၊ သွေးကို ပွားစေ၏ ၊ ကာမကို အားပေး၏ ၊နှုတ်ကို မြိန်စေ၏ ၊ လေကို သက်စေ၍ သလိပ်ကို ကြေစေ၏ ၊ လည်ချောင်းနာ ၊ လေရောဂါ ၊ ညောင်းကျနာ ၊ ပန်းနာ ရင်ကျပ် ၊ ဒူလာနှင့် ကြွက်အဆိပ်သင့်နာများကို နိုင်၏ ။ ချွေးထွက်စေ၍ ရေငတ်ပြေစေသည်။
► အရွက်အသုံးပြုပုံ
၁။ အရွက်ကို မီးကင်၍ကပ်လျှင် အနာစိမ်း၊ သွေးစုနာ များ နူလျှင်ပိန်၍ ရင်လျှင် ပြည်ပေါက်၍ ပျောက်၏ ။
၂။ ထန်းရည် ၊ အရက် ကြာရှည်စွာသောက်သုံးသူများ တစ်နှစ်တစ်ခါ ခွေးတောက်ရွက်ကို ကြက်သား နှင့် ချက်စားခြင်းအားဖြင့်ကိုယ်ခ
၃။ အရွက်ကို ဟင်းခါးချက်သောက်ခြင်း ၊ ကြော်စားခြင်းဖြင့် လေအောင့် လေထိုး ၊ ဆီးချုပ်ရောဂါများ ပျောက်၏ ။
၎။ ခွေးတောက်ရွက်ကို ကြိတ်၍ရသော အရည်ဖြင့် ရေယုန်နာကို ဆွတ်လိမ်း ပေးခြင်းဖြင့် ပျောက်ကင်းစေ နိုင်သည်။
၅။အရွက်ကို ကြိတ်၍ အုံးစည်းပေးခြင်းဖြင့် အဖုအကျိတ်များလည်း ပျောက်၏။
၆။ ခွေးတောက်ရွက်ကို သကြားနှင့် ထောင်း၍ အုံပေးပါက အကြောအဆစ်လွဲခြင်း ပျောက်၏ ။
၇။ ခွေးတောက်ရွက်ကို ဘဲဥနှင့် ကြော်စားပါက ခွန်အားတိုးပွားစေ၏ ။
► အမြစ်အသုံးပြုပုံ
၁။ ခွေးတောက်မြစ်ကို ခွေးရူးပြန်ဆေး ၊ အန်ဆေးနှင့် သလိပ်ရွှင်ဆေးများတွင် ထည့်သွင်း အသုံးပြုသည်။
မြန်မာ့ဆေးဖက်ဝင်အပင်များ
photo by google search
မည်သူမဆိုလွတ်လပ်စွာကူးယူဖေ
ကျန်းမာရေးဗဟုသုတတိုးပွါးစေ
source >>>http://
No comments:
Post a Comment