Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 26, 2013

မြောက်ဥက္ကလာပမြို့နယ်၊ မေဓါဝီလမ်းပေါ်တွင် အမျိုးသားတစ်ဦး ဦးခေါင်းပြတ်ရှ ဒဏ်ရာများဖြင့် သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၄

၂၄.၁၀.၂၀၁၃ရက်နေ့ ၀၄၀၀အချိန် မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ မေဓါဝီလမ်းပေါ်တွင် ဦးခေါင်း သွေးထွက်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး သေဆုံးနေ၍ ယာဉ်ထိန်းတပ်ဖွဲ့စု - ၂ မှ တပ်ဖွဲ့ဝင်များသည် မြောက်ဥက္ကလာပဆေးရုံသို့ ပိုအပ်ခဲ့ပြီး ၁၀၀၀အချိန် မှုခင်းဆရာဝန်မှ ရင်ခွဲစစ်ဆေးခဲ့ရာ သေဆုံးသူ အောင်နိုင်ဦး (ဘ)ဦးကျော်ဦး၊ (က)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်နေသူတွင် ဦးခေါင်းဝဲဘက်ပြတ်ရှဒဏ်ရာ (၁)ချက်၊ ငယ်ထိပ်ပြတ်ရှဒဏ်ရာ (၁)ချက်၊ ငယ်ထိပ်ဘေးပြတ်ရှဒဏ်ရာ (၁)ချက်တို့ရရှိကာ ဦးနှောက်အမှေးပေါက်ပြီး ဦးနှောက်အတွင်း သွေးဝင်သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသဖြင့် မြောက်ဥက္ကလာပမြို့မရဲစခန်း(ပ)၈၅၈/၂၀၁၃၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment