Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 3, 2013

သုံးနှစ်ခြားပြီးမွေးဖွားလာသည့်အမြွှာ

သုံးနှစ်ခြားမွေးဖွားလာသည့်အမြွာRichard Norman ဆိုသူဟာ သူရဲ့ အသက် ၂၆ နှစ် အရွယ် ဩဂုတ်လ ၂၀ဝ၇ ခုနှစ်က ဝှေးစေ့ကင်ဆာ ရှိတယ်လို့ ဝှေးစေ့မှာ အကျိတ်တွေ့ရှိတာကြောင့် ဆေးခန်းသွားပြခဲ့ရာ ဆရာဝန်တွေက ပဋိဇီဝ ဆေးဝါးနဲ့ ကုသပေးခဲ့ပါတယ်။ ဆေးဝါးနဲ့ ကုသတာ မပျောက်တဲ့အတွက် ဆေး ရုံမှာ စစ်ဆေးကြည့်ရာမှ ဝှေးစေ့ကင်ဆာရှိ မှန်းသိရကာ ခွဲစိတ်ကုသမှု ခံယူရမယ်လို့ သိရပါတယ်။ သူ့အနေနဲ့ နောက်ပိုင်းမှာ ကလေးလိုချင်ရင် ယူနိုင်အောင် မခွဲစိတ် ခင်မှာ သူရဲ့ သုက်ပိုးတွေကို အေးခဲထားဖို့ လိုအပ်တယ်လို့ ဆရာဝန်တွေက အကြံ ပေးထားတာကြောင့် သူရဲ့သုက်ပိုးတွေကို အေးခဲကာ သိမ်းဆည်း ထားခဲ့ပါတယ်။ သူရဲ့ ညာဘက် ဝှေးစေ့ကို ခွဲစိတ်ကုသမှုခံ ယူပြီး သုံးနှစ်အကြာ ၂၀ဝ၉ ခုနှစ် ဧပြီ လမှာ ရောဂါထပ်မံဖြစ်ပွားခဲ့တာကြောင့် ကင်ဆာကု ဆေးဝါးတွေနဲ့ ဆက်လက် ကု သမှုခံယူခဲ့ရပါတယ်။ ဆေးကုသနေစဉ် အတွင်း မစ္စတာ နော်မန်ရဲ့ အေးခဲထားတဲ့ သုက်ပိုးကို အသုံးပြုပြီး မျိုးအောင်စေခဲ့ပါ တယ်။ မျိုးအောင်နေတဲ့ သန္ဓေသားတစ်ခုကို နော်မန် ရဲ့မိန်းမ သားအိမ်ထဲကို ထည့်သွင်းပြီး ကျန်လေးခုကို အေးခဲတဲ့နည်းနဲ့ သိမ်းထားတယ်လို့ သိရပါတယ်။ နော်မန်ရဲ့မိန်းမဟာ ၂၀၁၀ ပြည့် နှစ်မှာ အလေးချိန် ခုနစ်ပေါင်နဲ့ ၁၂ အောင်စရှိတဲ့ သားကလေး ချာလီကို မွေးဖွားခဲ့ပါတယ်။ ချာလီကို ကိုယ်ဝန် ငါးလရရှိချိန်မှာ နော်မန်ရဲ့ ကင်ဆာမှ ပျံ့နှံ့လာတဲ့ လင့်အကျိတ်တွေကို ထပ်မံ ဖယ်ရှားခဲ့ရတယ်လို့ သိရပါတယ်။ နော်မန် အနေနဲ့ သူ့ကလေးကို တွေ့ချင်တာ ကြောင့် ကုသမှုမျိုးစုံကို လက်ခံခဲ့ပါ တယ်။ သူတို့လင်မယားနှစ်ယောက်ဟာ မနှစ်က ဖေဖော်ဝါရီလအတွင်းက ဒုတိ ယကလေးကို ထပ်မံယူဖို့ ဆုံးဖြတ်ခဲ့တာ ကြောင့် အေးခဲထားတဲ့ သန္ဓေသားတစ်ခု ကို နော်မန့်မိန်းမ သားအိမ်အတွင်းသို့ ထပ်မံထည့်သွင်းခဲ့ပါတယ်။ ဒါကြောင့် ရှစ်ပေါင် ရှစ်အောင်စရှိတဲ့ သမီးငယ် ဂျော်ဂျီယာကို မနှစ်က နိုဝင်ဘာလက မွေးဖွားနိုင်ခဲ့ပါတယ်။ သုံးနှစ်ခြားနေတဲ့ ကလေးနှစ်ယောက် ဟာ အမှန်မှာတော့ အမြွှာပူးကလေးတွေပါ။ တစ်ချိန်တည်းမှာ သန္ဓေအောင်ထား တာကြောင့်ပါ။

No comments:

Post a Comment