Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 5, 2013

ကလေးတစ်ယောက် မိဘသုံးယောက်


အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ ကလေးတစ်ဦးဟာ တရားဝင်မိဘ ၂ဦးထက်ပိုရှိခွင့်ဥပဒေကို မြို့ တော်ဝန် ဂျယ်ရီဘရောင်းကလက်မှတ်ရေးထိုးလိုက်ပါတယ်။
ထောင်နဲ့ ချီတဲ့ လိင်တူပေါင်းသင်းနေထိုင်တဲ့ မိဘတွေနဲ့ နေကြရတဲ့ကလေးတွေဟာ ဇီဝဗေဒအရမိဘဖြစ်သူရဲ့ စောင့်ရှောက်အုပ်ထိန်းမှုကိုပါရရှိတော့မှာဖြစ်ပါတယ်။အမေရိကန်နိုင်ငံသားတွေ ရဲ့ လိင်မှုဘ၀တွေဆန်းပြား၊မိသားစုဘ၀တွေပုံစံပျက်လာတာကနေ ဒီဥပဒေဖြစ်လာရတယ်လို့ ဆိုနိုင် ပါတယ်။
 ၂၀၁၁ ခုနှစ်မှာအမျိုးသမီးချင်းအတူနေတဲ့ စုံတွဲတစ်တွဲဟာ စိတ်အခန့် မသင့်ရာက သူတို့ နှစ်ယောက်ပေါင်းသင်းဆက်ဆံရေး ကိုအဆုံးသတ်ခဲ့ပါတယ်တဲ့။
အဲဒီလိုအဆုံးပြီးနောက်တော့ ဇတ်လမ်းကိုပြန်ဆက်ကြပြန်ပါရော။  ပြန်မဆက်သွယ်ကြခင်မှာ တစ်ယောက်က အမျိုးသားတယောက်နဲ့ ရည်ငံပြီးကိုယ်ဝန်ရှိလာပါတယ်။ ဒီကိုယ်ဝန်အတွက် ရန်ဖြစ်ကြရာက တစ်ယောက်က အချုပ်ခန်းကိုရောက်၊နောက်တယောက်ကဆေးရုံ ကို ရောက်သွားပါတယ်တဲ့။ မွေးလာတဲ့ကလေးက .........???
မွေးလာတဲ့သမီးလေးက  ကလေးသူငယ်စောင့်ရှောက်ရေးဂေဟာကိုရောက်သွားပါတယ်။
သူရို့ ဆီကဥပဒေ ဆန်းကျယ်ပုံက ဖခင်ဖြစ်သူက ဒီကလေးကို တရားဝင် အုပ်ထိန်းခွင့်၊စောင့်ရှောက်ခွင့် မရှိပါဘူးတဲ့။ဒါကြောင့်ပဲခုလို ကလေးတစ်ယောက် အုပ်ထိန်းသူမိဘနှစ်ယောက်ထက်ပိုရှိခွင့်ဥပဒေဖြစ်လာ ရပါတယ်။(ရှင်းနေတာကိုရှုပ်အောင်လုပ်တယ်။တတ်လဲတတ်နိုင်ပါပေ့ ကိုရွှေအမေရိကန်ကြီးရယ်။ဒါကြောင့်လည်းကမ္ဘာမှာစူပါပါဝါလို့ နာမည်ကြီးပေတာကိုး နော။)
 the melting pot 4 u

ဂျယ်ရီဘရောင်း

 [Source]

No comments:

Post a Comment