Wednesday, October 2, 2013
သံတွဲမြို.ခံတစ်ဦးနဲ.ဆက်သွ
စက်တင်ဘာ ၂၉ ရက်နေ့ သံတွဲမြို့ရဲ့  အလယ်ဗဟို မြို့ နယ်ခန်းမနေရာမှာ ဈေးသည်တွေက အားလုံး ဗုဒ္ဓဘာသာဆိုင်တွေရှိတယ်။ မွတ်စလင်ဆိုင်တွေရှိတယ်။ အဲဒီမှာ ငပလီရောင်းဝယ်ရေးဆိုင်က အကြီးကြီး။ ဆိုင်က ဈေးရဲ့ မျက်နှာစာရှေ့ မှာဖြစ်တဲ့အတွက် လူစည်ကားတယ်။ အဲဒီနေရာမှာ သုံးဘီးဆိုင်ကယ်တွေက နေ့စဉ်ရပ်နားတယ်။သုံးဘီး ငပလီရောင်းဝယ်ရေးဆိုင်ရှေ့မ
သူတို့က ဆိုင်ရှေ့တည့်တည့်မှာ သွားရပ်ပြီးတော့ ယာဉ်အတင် အချသွားလုပ်တယ်။ ငပလီရောင်း ဝယ်ရေးပိုင်ရှင်က မင်းတို့မရပ်နဲ့လို့ ဟန့်တားတယ်၊ ဟန့်တားတာမှာ ဒါကိုတော့ သေသေချာချာ့ မသိဘူး။ အဲဒီစကားလုံးကို မင်းတို့ ၉၆၉ သာသနာ့အလံနဲ့ ပတ်သက်ပြီး ခပ်ကြမ်းကြမ်းစကား သုံးလိုက်တယ်။ ဒါကို မခံနိုင်လို့ဆိုပြီး ခဲနဲ့ထု တယ်။ ပြဿနာက အဲဒီက စတာ။ ဆိုင်ကို ခဲနဲ့ထုတာ အပြောခံရတဲ့ ကလေးက သဘောထားကြီးစွာ ရှောင်လာခဲ့ပေမယ့် အဲဒါကို အားမရတဲ့ လူငယ်တွေက ခဲနဲ့ ထုရာကနေ ပြဿနာစတာပါ။ ညနေ ၄ နာရီနဲ့ ၅နာရီကြားမှာ ဖြစ်တာပါ။ အဲဒီနေရာမှာ လုံခြုံရေးတွေလိုက်လာပြီးတေ
မနက်က ကျွန်တော် မေးလိုက်တော့ ည ၈နာရီ၊ ၉ နာရီလောက်မှာ လူစုခွဲသွားတယ်။ အသေအပျောက် မရှိဘူး။ ပုဒ်မ ၁၄၄ကို ၉နာရီလောက်မှာ တစ်မြို့လုံးကို ထုတ်ခဲ့တယ်။ ၂၉ နေ့မှာ စဖြစ်ပြီးတော့ စဖြစ်ပြီး သုံးရက်လောက်ကို ဟိုနားက ဆူ လိုက် ဒီနားက ဆူလိုက်ဖြစ်တယ်။ သံတွဲမြို့ရဲ့ ၁၅မိုင်ပတ်လည်လောက်က ဗလီတွေ ဖျက်ဆီးခံခဲ့ရတယ်လို့ ကြားတယ်။ အိမ်တွေ မီးရှို့တယ်။
လူအသေအပျောက်နဲ့ပတ်သက်လို့ ကောလဟာလတွေလည်း ကြားပါတယ်။ ရခိုင်အိမ်တွေ မပါဘူး။ မြို့နဲ့ အလှမ်းဝေးတဲ့ ရွာလေးတွေမှာပဲ ဖြစ်တာပါ။ ဒီနေ့က ဘာထူးလဲဆိုတော့ မနေ့က ပုဒ်မ ၁၄၄ ထုတ်လိုက်တော့ မီးရှို့တာတို့၊ ဗလီဖျက်ဆီးတာတို့တော့ ရပ်သွားပါပြီ။ မနေ့က ပုဒ်မ ၁၄၄ထုတ်ပြန်တဲ့ အကြောင်းကို မိုက်နဲ့ အော်တဲ့ အချိန်မှာ မလှမ်းမကမ်းရွာလေးတွေမှာတော
News Watch(စောင့်ကြည့်သတင်းဂျာန
No comments:
Post a Comment