Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 19, 2013

သီတင်းကျွတ်ပြီဆိုတော့ မင်္ဂလာမဆောင်ခင်ဒီသတင်းလေးအရင်ဖတ်ကြည့်ပါ

တရုတ်သတို့ သမီးတစ်ဦးဟာ သတို့ သားအရန်နဲ့ မင်္ဂလာဦးညမှာ မှားအိပ်မိတဲ့ ထူးထူးဆန်း ဆန်းသတင်း တစ်ပုဒ်ကို China Global Times မှာဖော်ပြထားပါ တယ်။ တရုတ်ပြည်ဂွမ်ဇီ၊နာပိုခရိုင်မှာဖြစ်ပါတယ်။
ဟွမ်ဆိုတဲ့သတို့ သမီးဟာ ညဖက် အိမ်အပြင်ကိုအပေါ့အလေးသွားပြီးပြန်လာတော့ သတို့ သားအရန် ရဲ့ အခန်းကိုမှားပြီးဝင်အိပ်မိပါတယ်။ သူနိုးလာတော့ အခန်းမှားဝင်ခဲ့မိတာသိပြီး သူ မုဒိန်းကျင့်ခံရ တယ် လို့ အော်ဟစ်ပါသတဲ့။
အဲဒီအမှုအတွက် သတို့ သားအရန်က ယွမ်ငွေ နှစ်သောင်းပေးသင့်တယ်လို့ အားလုံးကဆုံးဖြတ်ကြပါတယ်။ သတို့ သားအရန်ကတော့ သူအမှားအယွင်းတစ်စုံတရာ မလုပ်ခဲ့ကြောင်း၊ လျော်ကြေးပေး ဖို့ ငွေလည်း မရှိကြောင်းပြောပါတယ်။
ဒီစုံတွဲက ရဲကိုတိုင်ပြီး မုဒိန်းမှုနဲ့ တရားစွဲပါတယ်။ဒါပေမယ့် တရားရုံးက သတို့ သားအရန်ဟာ မုဒိန်းမှု ကျူးလွန်တယ်ဆိုတဲ့အပြစ်မရှိကြောင်းဆုံးဖြတ်လိုက်ပါတယ်။
(သီတင်းကျွတ်ပြီဆိုတော့မင်္ဂလာဆောင်မယ့်စုံတွဲများ သတို့ သားအရန်အရွေးမမှားဖို့ ၊သတို့ သမီးလည်း အခန်းမှားပြီး မ၀င်မိဖို့ အရေးကြီးပါကြောင်းသတင်းရေးသားတင်ဆက်လိုက်ရပါသည်)

the melting pot 4 U
(ကူးယူဖော်ပြပါက the melting pot 4U မှကူးယူကြောင်းခရက်ဒစ်ပေးပါရန်မေတ္တာရပ်ခံပါသည်)

Source

No comments:

Post a Comment