Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 20, 2013

ဗုံးပေါက်ကွဲမှုတွေမှာ အောက်ခြေအဆင့် တပ်ဖွဲ့ဝင် ပါဝင်ပတ်သက်ဟု ကေအန်ယူ ပြော

လတ်တေလာ ဗုံးပေါက်ကွဲတဲ့ ဖြစ်စဉ်တွေမှာ ကရင်အမျိုးသားအစည်း အရုံး ကေအန်ယူ က အောက်ခြေ အဆင့်တပ်ဖွဲ့ဝင်တွေ ပါဝင်ပတ် သက်နေတယ် လို့ ကေအန်ယူက ပြောဆို လိုက်ပါ တယ်။

ရန်ကုန်မြို့ ငြိမ်းချမ်းရေးစင်တာမှာ အောက်တိုဘာ ၂၀ ရက် တနင်္ဂနွေန့က ပြုလုပ်ခဲ့တဲ့ ကေအန်ယူရဲ့ သတင်းစာရှင်းလင်းပွဲမှာ ကေအန်ယူ ဗဟိုဦးဆောင်ကော်မတီဝင် ပဒို မန်းငြိမ်းမောင်က အခုလို ထုတ်ဖော်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
“သူက မြို့နယ်အဆင့်မှာပဲ ရှိတယ်။ အောက်ခြေရဲ့ စီးပွားရေး တာဝန်ခံ။ ကေအန်ယူဗဟိုရဲ့ စီးပွားရေး တာဝန်ခံမဟုတ်ဘူး။ ဒေသဆိုင်ရာ အစိတ်အပိုင်းလေးတခုရဲ့ စီးပွားရေးတာဝန်ခံဖြစ်တယ်။ ကိုယ်ကျိုးစီးပွား ရှေ့တန်းရောက်မှုကြောင့် စီးပွားရေးသမား နိုင်ငံရေးသမားတွေ နောက်ကွယ်က စီစဉ်ညွှန်ကြားမှုတွေကြာင့်လို့ လေ့လာသုံးသပ်လို့ရပါတယ်။ ဒါကြောင့် ဒါကို လေ့လာသုံးသပ်ပြီး နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ရန်ကုန်၊ မန္တေလး၊ စစ်ကိုင်း၊ တောင်ငူနဲ့ ရှမ်းပြည်နယ် နမ့်ခမ်းမြို့တွေမှာ ဗုံးပေါက်ကွဲမှုနဲ့ ဗုံးတွေ့ရှိမှုတွေ ဆက်တိုက်ဖြစ်ပေါ်နြေပီး သေဆုံးဒဏ်ရာရရှိမှုတွေ ရှိခဲ့ပါတယ်။

From: DVB

No comments:

Post a Comment