ပြီးခဲ့သော စက်တင်ဘာလအတွင်း အစိုးရထုတ်နေ့စဉ် သတင်းစာ များ၌ ရန်ကုန်မြို့တော် စည်ပင် သာယာရေးဌာနက အလုပ်ခေါ်ယူရာ တွင် အရည်အချင်း သတ်မှတ် ချက်တစ်ခု မှာ အစိုးရတက္ကသိုလ်တစ်ခုခု (နေ့ ကျောင်း)ဖြင့် ဘွဲ့ရပြီးသူ ဖြစ်ရမည်ဟု သတ်မှတ်ချက်ကို ဖတ်ရှုလိုက်ရပါသည်။ယင်းသတ်မှ
ကျွန်တော်သည် ၁၉၆၈ ခုနှစ်က လုပ်သားများကောလိပ်မှ သိပ္ပံဘွဲ့ရရှိခဲ့ သူ ဖြစ်ပါသည်။ ယခင် လုပ်သားများ ကောလိပ် မပေါ်မီ သက်ကြီးတက္ကသိုလ် ဟူ၍ ပေါ်ပေါက်ခဲ့ရာ ကျွန်တော်တို့လို ၁ဝ တန်းအောင်ပြီး တက္ကသိုလ်မတက် နိုင်သူများအဖို့ အားထားရသော တက္က သိုလ်ကောလိပ်များ ဖြစ်ပါသည်။ ကျွန် တော်သည် သက်ကြီး တက္ကသိုလ်တွင် ဥပစာသိပ္ပံ (ခ) အောင်ပြီးနောက် သက် ကြီးတက္ကသိုလ် ဖျက်သိမ်း၍ လုပ်သား များကောလိပ် ပေါ်ပေါက်ခဲ့ရာ လုပ် သားများကောလိပ်တွင် ဆက်လက် တက်ရောက်ပြီး ၁၉၆၈ ခုနှစ်တွင် သိပ္ပံ ဘွဲ့ရရှိခဲ့ပါသည်။ ယင်းနှစ်တွင်ပင် ဌာန ဆိုင်ရာတစ်ခုမှ ပြန်တမ်းဝင်အရာရှိခေါ် ၍ ဝင်ရောက်လျှောက်ထားပြီး အလုပ် ရရှိခဲ့ရာ အနှစ် ၂ဝ ကျော်မျှ အစိုးရဝန် ထမ်းအဖြစ် ကျေပွန်စွာ လုပ်ကိုင်ခဲ့ပါ သည်။
ဒီနေရာမှာ ကျွန်တော့်အကြောင်း ရေးသားရခြင်းက လုပ်သားကောလိပ် မှ ဘွဲ့ရသော်လည်း နေ့ကျောင်းဘွဲ့ရ များ၏ အရည်အချင်းကို အမီလိုက်နိုင် ကြောင်း တင်ပြ လို ၍ ဖြစ်ပါသည်။ တစ် ဖက်ကလည်း ကျွန်တော့်ဘဝနှင့်ယှဉ်ပြီး ယခုအဝေးသင်ဘွဲ့ရများ အဝေးသင် တက္ကသိုလ် တက်ရောက်နေသော လူ ငယ်များကို ကိုယ်ချင်း စာ၍ ရေး သားရ ခြင်း ဖြစ်ပါသည်။ နောက်ပိုင်း (မဆလ) ခေတ်တွင် လုပ်သားများ ကောလိပ်ပိတ် ၍ အဝေးသင်တက္ကသိုလ်ဟူ၍ ပေါ် ပေါက်ခဲ့ရာ ၁ဝ တန်းအောင်ပြီး စီး ပွား ရေးချို့တဲ့၍ နေ့ကျောင်း မတက်နိုင် သော လူငယ်များအဖို့ လုပ်ငန်းနှင့်တစ် ဖက်တွဲ၍ မိမိတို့ရည်မှန်းသော ဘွဲ့ဒီဂရီ ရရှိခြင်း၊ မိမိတို့ဘဝရည်မှန်းချက်များ
ကျွန်တော်တို့နိုင်ငံတွင် အခြားဖွံ့ ဖြိုးပြီး နိုင်ငံများကဲ့သို့ အလုပ်ခွင်မှ ကျောင်းတက်ရန် ခက်ခဲပါသည်။ နိုင်ငံ ခြားမှာက မိမိတို့၏ဝင်ငွေကို တစ်ဖက် ကရှာပြီး ကျောင်း တက်နိုင်သဖြင့် မိမိ တို့၏ ဘဝတက်လမ်းအတွက် လွန်စွာ လမ်းပွင့်လျက်ရှိပါသည်။ ဒီမှာက ဘဝ ရည်မှန်းချက်ကြီးသူများအဖို
ကျွန်တော် ဤနေရာတွင် ဆန်းစစ် ရန် နှစ်ပိုင်းတွေ့ရပါသည်။ ယခုဌာနက ခွဲခြားခေါ်ယူခြင်းမှာ အဝေးသင်ဘွဲ့ဒီဂရီ များသည် အရည်အချင်း မပြည့်ဝလို့ လား၊ ဘာကြောင့် လက်မခံနိုင်သည်ကို ဆန်းစစ်ဖို့ လိုပါသည်။
အဝေးသင်တက္က သိုလ်၏ ပညာသင်ကြားရေးမှာလည်း ပညာရေးဝန်ကြီးဌာန လက်အောက် တွင် ရှိသဖြင့် ယခုကိစ္စကို ပညာရေးဌာ နမှ ပုဂ္ဂိုလ်များအနေဖြင့် ပြန်လည် ဆန်းစစ်ရန် လိုအပ်ပါသည်။ အဘယ့် ကြောင့်ဆိုသော် အဝေးသင်တက္ကသိုလ် ဘွဲ့များ အရည်အချင်းမမီခြင်းမှာ ပညာ ရေးဌာနတွင် လုံးဝတာဝန်ရှိပါသည်။ အရည်အချင်း မီပါလျက် ခွဲခြားခေါ်ယူ ခြင်းမှာ ခေါ်ယူသောဌာန၏ တာဝန်သာ ဖြစ်မည် ဖြစ်ပါသည်။
ကျွန်တော်သည် အဝေးသင်တက္က သိုလ် ပညာသင်ကြားရေးကို စေ့ငစွာ မသိရှိရသဖြင့် အရည်အချင်းပြည့်သည် မပြည့်သည်ကို မဝေဖန်လိုပါ။ သို့သော် ပြီးခဲ့သောအပတ် ဂျာနယ်တစ်စောင်တွင် အဝေးသင်ပညာရေး ဆောင်းပါးတစ်ပုဒ် ပါရှိရာ အဆိုပါဆောင်းပါးတွင် အဝေး သင်တက္ကသိုလ် ကျောင်းသားများ မိမိ တို့ လုပ်ရမည့် စာစဉ်များကို မိမိတို့ ကိုယ်တိုင်မလုပ်ဘဲ ကျူရှင်များ၊ အခြား တတ်ကျွမ်းသူများကို အားကိုးပြီး လုပ် ကိုင်နေသဖြင့် အဝေးသင်တက္ကသိုလ်၏ အရည်အချင်းညံ့ဖျင်းကြောင်း သုံးသပ် ထားသည်ကို ဖတ်ရှုရပါသည်။ ဒါကို လည်း ပညာရေးဌာန တာဝန်ရှိသူများ၊ အဝေးသင်တက္ကသိုလ်မှ တာဝန်ရှိသူများ အနေဖြင့်ပြန်လည် ဆန်းစစ်ရန် လိုမည် ဖြစ်ကြောင်း အကြံပြု ရေးသားပါသည်။
နောက်တစ်ပိုင်းက အဝေးသင် တက္ကသိုလ်မှ အရည်အချင်း ပြည့်သည် ဖြစ်စေ၊ မပြည့်သည်ဖြစ်စေ ခေါ်ယူ သောဌာနအနေဖြင့် ယခုလို ခွဲခြားခေါ် ယူမှုတော့ မဖြစ်သင့်ပါ။ အလုပ်ခေါ်ပြီး စာတွေ့၊ လူတွေ့ဝင်ခွင့်စာမေးပွဲများ
အဝေးသင်ဘွဲ့ကို နိုင်ငံခြား တိုင်း ပြည်များကပင် အသိအမှတ်ပြုနေပါ လျက် ပြည်တွင်းမှ အသိအမှတ်မပြုခြင်း မှာ လွန်စွာဝမ်းနည်းဖွယ် ဖြစ်ပါသည်။ အဝေးသင် ဘွဲ့ ရပြီး နိုင် ငံခြားတွင် တာဝန်ကြီးကြီးမားမားများ ထမ်းဆောင် သည်များ ရှိနေသလို ပြည်တွင်းတွင် လည်း တာဝန်ကြီးကြီးမားမား ထမ်း ဆောင်နေသူများ ရှိနေသည် ကို လေ့ လာတွေ့ရှိရပါသည်။ဒါ့ကြောင့်
ဘိုကြီး
Popular Myanmar News Journal
No comments:
Post a Comment