ဒေါ်လာငွေစက္ကူအတုလုပ်တာကိုကာကွယ်နိုင်ဖို့ အဆင့်မြင့်နည်းပညာတွေနဲ့ ပြုလုပ်ထားတဲ့
၁၀၀တန် ဒေါ်လာ တွေကို ဒီနေ့  စတင်ဖြန့် ချိလိုက်ပါပြီ။
မတ်၁၉၉၆ခုနှစ်ကစတင်ထုတ်ဝေခဲ့တဲ့ဒေါ်လာ ၁၀၀တန်ကို ပထမဆုံး ဒီဇိုင်း အသစ်နဲ
့ပြောင်းထုတ်ဝေ တာဖြစ်ပြီး မျက်နှာစာမှာဘင်ဂျမင်ဖ၇န်ကလင်ပုံနဲ့ နောက်ကျောဖက်က
ဖီလာဒယ်ဖီးယား လွတ်လပ်ရေး ခန်း မ ပုံဖြစ် ပါ တယ်။ အရောင်ကကြေးနီရောင်ကနေ အစိမ်းရောင်ပြောင်းသွားပါတယ်။ အတုလုပ်သူတွေ က
ဒေါ်လာ၁၀၀ တန်ကိုအတုလုပ်တာများတဲ့ အတွက်ပိုပြီးခက်ခဲရှုပ်ထွေး
တဲ့လုံခြုံရေးအစီ အမံနည်း ပညာ အသစ်တွေနဲ့ ဒီဇိုင်းအသစ်ပြုလုပ်ထားတယ်လို့ သိရပါတယ်။ 3D လုံခြုံရေးရစ်ဘွန်ကြိုး လည်း ထည့် သွင်း ထား တယ်လို့ သိရပါတယ်။
ငွေစက္ကူပုံနှိပ်ရေးဗျူရိုက ဒါရိုက်တာ မစ္စတာ ဖဲလစ် က "3D
လုံခြုံရေးရစ်ဘွန်က အံ့သြစရာပဲဗျ။ ဒီငွေစက္ကူ ထဲ မှာထောင်နဲ့ ချီတဲ့မှန်ဘီလူး အသေးလေးတွေ ထည့်သွင်းထားတာ။ဒီငွေစက္ကူဟာ
အမေရိ ကန်မှာ ထုတ် လုပ် တဲ့ငွေစက္ကူထဲမှာအရှုပ်ထွေးဆုံး ငွေစက္ကူပဲ" လို
့ပြောပါတယ်။
ဒေါ်လာတရာတန်အသစ်ကို ၂၀၁၁ခုနှစ်ကတည်းက ဖြန့် ဖြူးဖို့ စီစဉ်ခဲ့ပေမယ့်အရည်အသွေးမမှီ လို့ ဖျက် ဆီး ပစ် ခဲ့ရပါ တယ်။
၂၀၁၀မှာထုတ်လုပ်ခဲ့ တဲ့ဒေါ်လာစက္ကူသန်းတစ်ထောင်မှာ
မလိုလားအပ်တဲ့ မျဉ်းကြောင်းတွေတွေ့ ရှိခဲ့ရ ပါ တယ်။မျဉ်းကြောင်းတွေမပေါ်အောင်မင်တွေအများကြီးသုံးစွဲပြီးထုတ်လုပ်လိုက်ပြန်တော့
မင် စွန်း ရာတွေတွေ့ ရှိ ရတဲ့အတွက် အတွက် ဒေါ်လာတရာတန် သန်း၃၀ဖိုးဖျက်ဆီးပစ်ခဲ့ရပါတယ်။
ခုတော့ ဒီပြဿနာတွေကိုဖြေရှင်းပြီးလို
့အရည်အသွေးအမြင့်ဆုံးအမေရိကန်ဒေါ်လာတွေကို ကျဉ်ဆံလုံ ကားတွေနဲ
့အမေရိကန်ဒေသတွင်းဘဏ်တွေကိုပို့ ဆောင်နေပါပြီ။ဆယ်စုတခုလောက်အချိန်ယူထုတ်လုပ်ခဲ့ ရတဲ့ဒေါ်လာငွေစက္ကူအသစ်ကို ဒီနေ့ အင်္ဂါနေ့ ညနေမှာ မြင်နိုင်ပါပြီ။
လက်ရှိ လည်ပတ်နေတဲ့ ဘီလျံ ၉၀၀ကိုတော့ တဖြည်းဖြည်း ချင်းရုပ် သိမ်းသွားမယ်လို့ သိရပါတယ်။
the melting pot 4u
(ကူးယူဖော်ပြပါက the melting pot 4 u မှကူးယူကြောင်းခရက်ဒစ်ပေးပါရန်မေတ္တာရပ်ခံပါသည်)
No comments:
Post a Comment