အနက်ရောင်ခရမ်းချဉ်သီးတွေ့ ဖူးကြပါသလား။ဗြိတိန်နိုင်ငံက ရေးဘရောင်းဆိုသူရဲ့ ဥယျာဉ် ကို သွားရောက်ကြည့်ရှုရင်တော့ အနက်ရောင်ခရမ်းချဉ်သီးတွေကိုတွေ့ ရမှာပါ။ ဒီထူးထူးဆန်းဆန်း အနက်ရောင်ခရမ်းချဉ်သီးမှာကင်ဆာ၊ဆီးချို၊အ၀လွန်တာတွေကိုတိုက်ဖျက်တဲ့အန်တီအောက်စီဒန့် ဓာတ်တ မျိုးဖြစ်တဲ့  အန်သိုဆိုင်ယာနင်းဓာတ်ပါဝင်တယ်လို့ သိရပါတယ်။
ဥယျာဉ်တာဝန်ခံရေးဘရောင်းဟာ ဖောက်သည်တစ်ယောက်ဆီက အနက်ရောင်ခရမ်းချဉ်သီးလို့  တံဆိပ် ကပ် ထားတဲ့မျိုးစေ့အိတ်တအိတ်ရခဲ့ပါတယ်။
ဒါနဲ့ သူလည်း စိတ်ထဲဇဝေဇ၀ါနဲ့  အဲဒီမျိုးစေ့တွေကိုစိုက်ကြည့်တာ အနက်ရောင် ခရမ်းချဉ်သီးတွေ သီး လာပါတယ်။
ရေးဘရောင်း ပြန်ပြောင်းပြောပြတာက" ပြီးခဲ့တဲ့ဆောင်းက ဖောက်သည်တစ်ယောက်က အနက်ရောင်ခရမ်း ချဉ်သီးလို့ နာမည်တပ်ပြီးပို့ လာတယ်ဗျာ။ ကျွန်တော်တို့ ကမယုံဘူး။ ဘယ်သူမှခရမ်း ချဉ်သီး အနက်ရောင် မစိုက်နိုင်သေးဘူး။အညိုရောင်လောက်ပဲတွေ့ ဖူးတယ်။ကျွန်တော်တို့ ကိုဧပြီလအရူးပွဲနောက်တာလို့ ထင်တာ။ ဒါပေမယ့်စိုက်ပြီးအနက်ရောင်ခရမ်းချဉ်သီးတွေသီးလာတော့ တော်တော်အံ့သြတကြီးဖြစ် သွားတယ်။ ဒီနိုင်ငံမှာတော့ ဒါပထမဆုံးအနက်ေ၇ာင်ခရမ်းချဉ်သီးပဲဗျ "လို့ ပြောပါတယ်။
ခရမ်းချဉ်သီးတွေဟာ အပြင်ကအနက်ရောင်ဖြစ်ပေမယ့် အတွင်းကတော့အနီရောင်ပဲဖြစ်ပါ တယ်။လောလော ဆယ် သူစိုက်ထားတဲ့
အနက်ရောင်ခရမ်းချဉ်သီးသုံးပင်ရှိပြီး တပင်စီမှာ အလုံး
၂၀စီသီးနေပါတယ်တဲ့။ဈေးကွက်ကို ဖြန့် ချိရောင်းချဖို
့အစီအစဉ်တော့မရှိသေးဘူး လို့ ဆိုပါတယ်။
the melting pot 4 u
(ကူးယူဖော်ပြပါက the melting pot 4 u မှကူးယူကြောင်းခရက်ဒစ်ပေးပါရန်မေတ္တာရပ်ခံပါသည်)
အပြင်မှာမဲပေမယ့် အတွင်းမှာတော့ ရဲနေတယ်။
No comments:
Post a Comment