လေ့လာမှုတစ်ရပ်တွင် ဖော်ပြထားမှုအရ ဗိုင်းရပ်စ်များက ရင်သားကင်ဆာနှင့်
ဦးနှောက်အကျိတ်လိုမျိုးဖြစ်သော glioblastoma ကိုဖြစ်စေနိုင်သည်ဆိုသော
အချက်ကို ချေဖျက်နိုင်ခဲ့သည်။
အဆိုပါကင်ဆာများကို ဖြစ်စေသည်ဆိုသော ဗိုင်းရပ်စ်များ၏ DNA အတွင်းမှ sequence (၇)သန်းကျော်ကို လေ့လာခဲ့ရာမှ ယခုကဲ့သို့ သုတေ သနပြုချက်ကို အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။ သိပ္ပံနည်းကျအတည်ပြုချက်များအရ ကင်ဆာအမျိုးအစား အားလုံး၏ ၁၅%မှာ ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။
ယခုလေ့လာမှုတွင် ရင်သားကင်ဆာကိုဖြစ်စေနိုင်သည်ဟု ယူဆသော Epstein Barr ဗိုင်းရပ်စ်နှင့် gliobl astoma ကို ဖြစ်စေနိုင်သည်ဟုယူဆရသော cytomegalovirus များကို လေ့လာခဲ့ခြင်းဖြစ်ပါသည်။ သုတေသနခေါင်းဆောင် University of Gothenburg မှ သုတေသီ Erik larsson က ရင်သားကင်ဆာနှင့် ဦးနှောက်အကျိတ်များကို အဆိုပါ ဗိုင်းရပ်စ်များက ဖြစ်စေနိုင်သည်ဟူသော သက်သေပြချက်တစ်စုံတစ်ရာ မိမိတို့မရခဲ့ကြောင်းရှင်းပြခဲ့ပါသည်။
ယခုလေ့လာမှုကိုသြဇာတိက္ကမ ကြီးသော သိပ္ပံဂျာနယ်တစ်ခုဖြစ်သော Nature Communications တွင် ဖော်ပြထားခြင်းဖြစ်သည်။ လေ့လာမှုတွင် အစွမ်းထက် စူပါကွန်ပျူတာများကို အသုံးပြုပြီး ကင်ဆာကျိတ်ပေါင်း ၄၀၀၀ကျော်မှ တစ်ရှုးနမူနာများနှင့် DNA အတွင်းမှ sequence (၇)သန်းကျော်ကို သုတေသနပြုခဲ့ကြသည်။
သန့်စင်
ref: ANI
Health Updates Journal No. 89

No comments:
Post a Comment