CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ပျဉ်းမနားမြို့တွင် အနှိပ်ခန်းဖမ်းဆီး
၂၉-၁၀-၂၀၁၃ ရက်နေ့ ၂၂၄၅ အချိန် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များပါဝင်သော
ပူးပေါင်းအဖွဲ့သည် ပျဉ်းမနားမြို့၊ ပေါင်းလောင်း(၂)ရပ်ကွက်၊ ချယ်ရီလမ်းနေ
ဆန်းဝင်း(၃၃)နှစ်၏နေအိမ်တွင် “မိုးမြင့်သူ”အမည်ဖြင့်
တရားမ၀င်အနှိပ်ခန်းပြုလုပ်နေကြောင်းသတင်းအရ သက်သေများနှင့်အတူ ၀င်ရောက်ရှာဖွေခဲ့သည်။
ထိုသို့ရှာဖွေစဉ် ဆန်းဝင်းမှာ ထွက်ပြေးတိမ်းရှောင်သွားပြီး ဆိုင်မန်နေဂျာ
ဖြစ်သူ စိုးမြင့်(၃၆)နှစ်နှင့် ဆိုင်သို့လာရောက်သည့်အမျိုးသားများအားနှိပ်ပေးနေသည့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်နေ မဝေေ၀(၂၀)နှစ်ပါ အနှိပ်သမ(၁၀)ဦးတို့အား အနှိပ်ခန်းဖွင့်လှစ်လုပ်ကိုင်ရာတွင်အသုံးပြုသည့် မွေ့ရာ/အခင်း
စောင်(၄)စုံ၊ ခန်းဆီးလိုက်ကာ(၃)ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့်
ဆန်းဝင်း၊ စိုးမြင့်နှင့် မဝေေ၀ပါ(၁၀)ဦး၊ စုစုပေါင်း(၁၂)ဦးတို့အား
ပျဉ်းမနားမြို့မရဲစခန်း၊ ရဲအရေးမပိုင်မှု အမှတ်စဉ်(၄၁/၂၀၁၃)၊ ပြစ်မှုပုဒ်မ
၁၈၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
ပျဉ်းမနားမြို့တွင် အနှိပ်ခန်းဖမ်းဆီး
Reviewed by
VC
on
October 31, 2013
Rating:
5
No comments:
Post a Comment