CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ယာဉ်အရှိန်မထိန်းနိုင်ဘဲ တောင်ကမ်းပါးယံအားတိုက်မိ
နေပြည်တော်၊ အောက်တိုဘာ ၆
၎-၁၀-၂၀၁၃ ရက်နေ့ ၁၉၃၀ အချိန်ခန့် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၅၅/၁-၂)အကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဗောဓိကုန်းအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များသွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ နေပြည်တော်မှ ရန်ကုန်သို့ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်နေ ၀င်းကျော်သူ(၂၅)နှစ်မောင်းနှင်လာသော ၅င/xxxx ပရိုဘောက်အဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်မြေသားလမ်းမှတဆင့် တောင်ကမ်းပါးယံအားပွတ်တိုက်မိပြီး တစောင်းအနေအထားဖြင့်ရပ်တန့်သွားခဲ့ကြောင်း
တွေ့ရှိရသည်။ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ ရန်ကုန်တိုင်းဒေသကြီး၊
မရမ်းကုန်းမြို့နယ်နေ ဦးလှမျိုးအောင် (၄၄)နှစ်တွင်
ဦးခေါင်းဝဲဘက်ချိုစောင်းပေါက်ပြဲ၊
ယာပုခုံးနာကျင်၊ ယာနားထင်ပွန်းပဲ့ဒဏ်ရာ၊ ယာဉ်မောင်း ၀င်းကျော်သူတွင်
နဖူးပေါက်ပြဲ၊ ၀ဲဒူးခေါင်းပွန်းပဲ့ဒဏ်ရာ၊ မန္တလေးတိုင်းဒေသကြီး၊
ပုသိမ်ကြီးမြို့နယ်နေ မကြည်ပြာ(၃၁)နှစ်တွင် ၀ဲဒူးခေါင်းနှင့်ဝဲလက်မောင်းနာကျင်ဒဏ်ရာများ
အသီးသီးရရှိခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်နေ
မျိုးသန့်(၄၁)နှစ်မှာ ဒဏ်ရာရရှိခြင်းမရှိခဲ့ဘဲ ယာဉ်မှာ ရှေ့လေကာ
မှန်ကွဲအက်၊ ယာဘက်ဘောနက်ဖုံးနှင့်ယာဘက်တံခါးပိန်ချိုင့်၊ တန်ဘိုးငွေကျပ်(၄၀၀၀၀၀ိ/-)ခန့်ပျက်စီးဆုံးရှုံး သွားသောကြောင့် ဒဏ်ရာရသူများအား တောင်ငူဆေးရုံသို့ပို့ဆောင်ခဲ့ကာ ယာဉ်မဆင်မခြင်မောင်းနှင်သူ ၀င်းကျော်သူအား ဗောဓိကုန်းအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
ယာဉ်အရှိန်မထိန်းနိုင်ဘဲ တောင်ကမ်းပါးယံအားတိုက်မိ
Reviewed by
VC
on
October 06, 2013
Rating:
5
No comments:
Post a Comment