Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 3, 2013

" BAZAAR မဂ္ဂဇင်း၏ ရုပ်ရှင်အလှ နတ်မိမယ်စီမံကိန်းမှာ ပါဝင်ခဲ့တဲ့ ဆောင်းဟေဂျို"

 


အာရှ၏ ပန်းပွင့်လေးဟု တင်စားခံရသော ဆောင်းဟေဂျို သည် အောက်တိုဘာလထုတ် BAZAAR မဂ္ဂဇင်း မျက်နှာဖုံး ရိုက်ကူးပေးခဲ့ သည်။ ယင်း ရိုက်ကူးမှုမှာ BAZAAR နှင့် ၄င်း၏ ဒုတိယ အကြိမ် တွေ့ဆုံမှုဖြစ်သည်။

အဆိုပါ ဓာတ်ပုံထဲ၌ ဆောင်းဟေဂျို၏ လှပ နုပျိုမှုနှင့် တည်ငြိမ် ရင့်ကျက်မှုကို ခံစားရမည် ဖြစ်သည်။ BAZAAR နှင့် နာမည်ကြီးဖက်ရှင် ဘရန်း BURBERRY ပူးပေါင်းကာ နှစ်စဉ် ပရဟိတ ရန်ပုံငွေပွဲ လုပ်လေ့ရှိပြီး ယခုနှစ်၏ ‘ရုပ်ရှင်အလှ နတ်မိမယ် စီမံကိန်း’ ၌ ၄င်းသည် နတ်မိမယ် တစ်ဦး အဖြစ် ပါဝင်ခဲ့သည်။

The Crossing ရုပ်ရှင် ရိုက်ကူးနေ ရသော ကြောင့် အလုပ်အချိန် ဇယားများ ပြည့်နှက်နေ သော်လည်း ဆောင်းဟေဂျို သည် အဆိုပါ စီမံ ကိန်း၌ ပါဝင်ခဲ့ပြီး ‘That Winter, The Wind Blows’ ရိုက်ကူး ပြီးနောက်ပိုင်း ပိုမို အောင်မြင်လာသည့် ၄င်း၏ ဘဝကို ပြောပြခဲ့သည်။

ဆောင်းသည် အောက်တိုဘာလတွင် ဖြန့်ချိမည့် ကိုရီးယားနိုင်ငံ ထုတ် BAZAAR မဂ္ဂဇင်း အပြင် ၄င်း၏ ကမ္ဘာနှင့် အဝှမ်း ရေပန်းစားမှုကို ပိုမို ထောက်ပံ့ပေးရန် တရုတ်နိုင်ငံ ထုတ် BAZAAR မဂ္ဂဇင်း မျက်နှာဖုံး ကိုလည်း ရိုက်ကူးပေးခဲ့သည်။ BAZAAR မဂ္ဂဇင်း၏ ‘ရုပ်ရှင်အလှ နတ်မိမယ်’ စီမံကိန်းအား ၂ဝဝ၇ ခုနှစ်က စတင် ခဲ့ခြင်းဖြစ်ပြီး ဓာတ်ပုံ ရိုက်ကူးရေးမှ ရရှိလာသည့် အမြတ်ငွေ များအား ကိုရီးယား ရုပ်ရှင်လောက ဖွံ့ဖြိုးရေး လုပ်ငန်း များနှင့် အသုံးစရိတ် နည်းပါးသည့် ရုပ်ရှင် ဇာတ် ကား များအား ငွေကြေး ထောက်ပံ့ပေးကြောင်း သိရသည်။

အဆိုပါ စီမံကိန်း၌ လီနာယောင်း၊ လီ ဗြောင်ဟွန်း၊ ကိုဟိုဂျင်းနှင့် ရှင်မင်အာ စသည့် သရုပ်ဆောင် များ ပါဝင်ခဲ့ပြီး ဖြစ်သည်။

သိင်္ဂီဝင်း (Ref: Yahoo News)
Like

No comments:

Post a Comment