Mizzima - News in Burmese
ပန်းမြတ်ဇော် | အင်္ဂါနေ့၊ အောက်တိုဘာလ ၂၂ ရက် ၂၀၁၃ ခုနှစ် ၀၈ နာရီ ၂၀ မိနစ်
ထိုင်းနိုင်ငံ #Carabao Foundation မှ ဆီးဂိမ်းရန်ပုံငွေအတွက် ကျပ်သိန်း ၃၂၀ ထည့်ဝင် လှူဒါန်းခဲ့သည်။ အဆိုပါ ဖောင်ဒေးရှင်းမှာ ထိုင်းနိုင်ငံ Carabao Music Band မှ တည်ထောင်ခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း ၁၆နှစ် သက်တမ်းရှိပြီဖြစ်ကြောင်း Carabao ဖောင်ဒေးရှင်းမှ Mr. Yuen-yongopakul က မဇ္ဈိမသို့ ပြောကြားလိုက်သည်။
အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အိုလံပစ် အားကစားပြိုင်ပွဲနှင့် ADMA Media တို့မှ ပူးပေါင်းကာ ဖိတ်ခေါ် ဆီးဂိမ်းအကြို လှုံ့ဆော်ပွဲ၏ နောက်ဆုံးဖျော်ဖြေပွဲတွင် ၎င်းအဖွဲ့အား လာရောက်ဖျော်ဖြေရန် ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း ယင်းအတွက်ကြောင့် မြန်မာနိုင်ငံသို့ အခမဲ့ဖျော်ဖြေရန် လာရောက်နေစဉ်အတွင်း ၎င်းတို့၏ ဖောင်ဒေးရှင်းအနေဖြင့် မြန်မာနိုင်ငံမှ ကျင်းပသည့် ဆီးဂိမ်းပွဲအား ကူညီထောက်ပံ့ပေးလိုသည့်အတွက် ယခုလို လှူဒါန်းရခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောပြခဲ့သည်။
Carabao Foundation က Mr.Yuenyong Opakul မှ “ဒီပွဲကို လာရောက် ဖျော်ဖြေဖို့အတွက် Carabao အဖွဲ့မှ အထူးစိတ်ဝင်စားပြီး စိတ်လှုပ်ရှားစွာနဲ့ ပြင်ဆင်ခဲ့ပါတယ်။ အဲဒီလို ပြင်ဆင်ပြီးတော့ လုပ်လာတဲ့အခါမှာ ကျင်းပမယ့် ဆီးဂိမ်းအတွက်ကို ပါဝင်ပြီး တစ်ထောင့်တစ်နေရာ အနေအထားကနေမကပါဘူး၊ ပြည်သူများအကြားမှာ ချစ်ကြည်ရင်းနှီးမှု အထူးတလည် ပူးပေါင်းဆောင်ရွက်တာတွေကိုလည်း ဖော်ကျူးပြသလိုခြင်း ဖြစ်ပါတယ်။ ဒီလိုမျိုး လာရောက်တဲ့အခါမှာ ကုန်ကျစရိတ် လေယာဉ်ခ ဟိုတယ်တည်းခိုစရိတ် စားသောက်စရိတ်အားလုံးကို Carabao Foundation ကပဲ လှိုက်လှိုက်လှဲလှဲ ၀မ်းမြောက်စွာနဲ့ ကျခံခဲ့သလို ဆီးဂိမ်းကို အောင်မြင်စွာ ကျင်းပဖို့အတွက်လည်း အခုလို ရန်ပုံငွေ ကျပ်သိန်း ၃၂၀ ကို Carabao Foundation က ထပ်မံ လှူဒါန်းရခြင်းဖြစ်ပါတယ်”ဟု ဆိုသည်။
Carabao Music Band သည် အခြားနိုင်ငံများတွင် ဖျော်ဖြေခဲ့သော်လည်း အားကစားပွဲအနေဖြင့် ဖျော်ဖြေမှုမှာ ယခု ပထမဆုံးအကြိမ်လည်း ဖြစ်သည်။ ၎င်းအဖွဲ့သည် နိုင်ငံတော်ဂုဏ်ပြုပွဲများတွင် ပါဝင်ဖျော်ဖြေခဲ့ပြီး Music Value For Life နာမည်ဖြင့် ရန်ပုံငွေပွဲများ ကျင်းပကာ ရရှိသည့် ရန်ပုံငွေကြေးများကို ဒုက္ခသည်များအား ကူညီ ထောက်ပံ့ပေးလေ့လည်း ရှိသည်။
No comments:
Post a Comment