Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, September 9, 2013

Vedic Astrology Consultation ဆရာဝန် ဗေဒင်ဖတ်ခြင်း

Mon, Sep 9, 2013 at 7:56 AM
မင်္ဂလာပါဆရာ။ ကောင်းသောနံနက်ခင်းပါနော်။ ဆရာ့ကို ခဏခဏ မေးရတာ အရမ်းအားနာပါတယ်ရှင်။ သမီးက ဒီလမှာ IUI (ကိုယ်ဝန်ရအောင် အပြင်ကနေကူညီလုပ်ပေးနည်း) လုပ်မှာပါရှင်။ ဒါပေမဲ့ သူငယ်ချင်း တစ်ယောက်က ဗေဒင် သွားတော့ ကြုံတာနဲ့ သမီးအတွက်ပါ မေးခိုင်းလိုက်တာ၊ ဒီနှစ်ထဲမှာ ကလေးမရသေးဘူးလို့ ပြောပါတယ်။ သူဘာပြောပြော သမီးကတော့ IUI လုပ်မှာပါ။ ဒါပေမဲ့ ဆရာ့ဆီက အကြံဥာဏ်လေးနဲ့ အားပေး စကားလေး လိုချင်ပါတယ်ရှင်။

• ဆရာဝန်တွေလဲ တခါတလေ အရပ်သုံးအပြောတွေကို အလေးထားတာမျိုးရှိပါတယ်။
• ဆရာကတော့ ကောင်းတယ်လို့ ပြောတာကိုသာ ယူချင်ယူတယ်။
• ဗေဒင်ဆိုတာ စာလုံး-စကား တိကျရတယ်။
• "အစိုးရအလုပ်နေရာကနေ မပြောင်းချင်ရင် ပြောင်းဖူးဆောင်"၊ "ပြောင်းချင်ရင် ပြောင်းစေ့ဆာင်" တဲ့။
• အခု စက်တင်္ဘာဆိုတော့ ၉ လနဲ့ ၇ ရက်လွယ်ပြီးမှရမဲ့ ကလေးရဘို့တော့ ဒီနှစ်အတွင်း ဘယ်လိုမှ မဖြစ်နိုင်ပါ။
• ကိုယ်ဝန်တော့ ရနိုင်တယ်လို့ ယူလိုက်ပေါ့ဗျာ။
• ကျန်းမာ-ချမ်းသာပြီး၊ သားသမီးရတနာတွေထွန်းကားပါစေ။

ဒေါက်တာတင်ဆွေ
၉-၉-၂ဝ၁၃

No comments:

Post a Comment