Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 26, 2013

" The Vanishing Tribes of Burma ဓာတ်ပုံပြပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် "


နိုင်ငံတကာဓာတ်ပုံပညာရှင် Richard K. Diran ၏ The Vanishing Tribes of Burma ဓာတ်ပုံပြပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တက်ရောက် ဖွင့်လှစ်ပေးမည်ဟု သိရသည်။ ၎င်းဓာတ်ပုံပြပွဲကို အင်ယားလိတ်ဟိုတယ်တွင် စက်တင်ဘာ ၂၈ ရက်နေ့ နေ့လည် ၂ နာရီ မှ ၃၀ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဓာတ်ပုံပြပွဲတွင် ဓာတ်ပုံဆရာ Richard K. Diran က နှစ်ပေါင်း ၂၀ ကျော်အတွင်း မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုပေါင်း ၃၅ မျိုးကျော်တို့၏ ရိုးရာဓလေ့များကို သွားရောက်ရိုက်ကူးခဲ့သော ဓာတ်ပုံများကို ပြသမည်ဟု သိရသည်။ ယခုပြပွဲတွင် ပါဝင်ပြသသော ဓာတ်ပုံများကို Richard က ပြပွဲအပြီးတွင် အမျိုးသားပြတိုက်သို့ လှူဒါန်းသွားမည်ဟု ၎င်း၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားပြီး အဆိုပါ ဓာတ်ပုံပြပွဲကို မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

No comments:

Post a Comment