Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 22, 2013

ရောင်စုံဥယျာဉ်သီချင်းကို ဆီးဂိမ်း Theme Song အဖြစ် ရွေးချယ်


Sunday, September 22, 2013

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပပြုလုပ်မည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင
်ပွဲ၌ အသုံးပြုရန် အတွက်Theme Song နှင့်Official Song များ ရွေးချယ်ပြီးစီးသွားပြီဖြစ်ကြောင်း မြန်မာနိုင်ငံအမျိုးသားအားကစား ကော်မတီဥက္ကဌ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ဆိုသည်။ 

စက်တင်ဘာ၂၁ရက်နေ့က ဆီဒိုးနားဟိုတယ်၌ကျင်းပပြုလုပ်သည့် သတင်းစားရှင်းလင်းပွဲတွင် တေးသီချင်းစိစစ် ရွေးချယ် ဖန်တီးရေး ကော်မတီဥက္ကဌ ဦးမြင့်မိုးအောင်၊ မြန်မာနိုင်ငံဂီတအစည်းအရုံးဗဟို ဥက္ကဌဦးတင်ဦးလေးနှင့်တကွ တာဝန်ရှိသူများအား တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးမှ ပြောကြားလိုက်ခြင်းဖြစ်သည်။

“တာဝန်သိသိ စေတနာရှိရှိနဲ့အကြိမ်ကြိမ် စိစစ်ရွေးချယ်ပေးခဲ့ကြတဲ့ တေးသီချင်း စိစစ်ရွေးချယ်ဖန်တီးရေး ကော်မတီ မှ ရုပ်ရှင်သဘင်နဲ့ဂီတအနုပညာရှင်အားလုံးကို နိုင်ငံတော်အနေနဲ့ရော မြန်မာနိုင်ငံ အိုလံပစ်ကော်မတီနဲ့ အားကစား ၀န်ကြီးဌာနအနေနဲ့ပါ အထူးပင် ကျေးဇူးတင်ရှိပါတယ် ” ဟု မြန်မာနိုင်ငံအမျိုးသားအားကစား ကော်မတီ ဥက္ကဌ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ပြောသည်။

ပထမအကြိမ်အကြိုလှုံဆော်ရေးတေးသီချင်းပြိုင်ပွဲတွင် တေးသီချင်း(၉၃)ပုဒ်ရှိခဲ့ပြီး အဆိုပါ တေးသီချင်းများထဲမှ ရောင်စုံဥယျာဉ်၊ ဖိတ်ခေါ်ပြီ၊ Win The Day၊ ရွှေရောင်လက်ခုပ်သံ၊ We Love Sea Games သီချင်း(၅)ပုဒ်ကို ပထမ၊ ဒုတိယ၊ တတိယနှင့်နှစ်သိမ့်ဆုများရရှိသူများအား ဆုများချီးမြှင့်ပေးခဲ့ပြီး ပြည်တွင်း ရေဒီယို၊ ရုပ်မြင်သံကြားလိုင်းများ နှင့် FMရေဒီယိုလိုင်းများ၌ ထုတ်လွင့်ပေးခဲ့ပြီးဖြစ်သည်ဟု သိရှိရသည်။

“ပညာရှင်တွေအားလုံးနဲ့ ပါဝင်ဆောင်ရွက်ခဲ့ရတဲ့အတွက်ဂုဏ်လည်း ဂုဏ်ယူပါတယ်၊ ပညာရှင်တွေ အားလုံးရဲ့ ပညာ ကိုလည်း တန်ဖိုးထားပါတယ်၊ သိက္ခာ၊ သမာဓိပိုင်းဆိုင်ရာမှာလည်း အားလုံးက တကယ်ကို နိုင်ငံရဲ့ ကောင်းကျိုး အတွက် လုပ်ဆောင်ခဲ့ကြတာပါ”ဟု တေးသီချင်းစိစစ်ရွေးချယ် ဖန်တီးရေး ကော်မတီဥက္ကဌ ဦးမြင့်မိုးအောင်က ပြောသည်။

ဒုတိယအကြိမ်မြောက်အကြို လှုံဆော်ရေးတေးသီချင်းပြိုင်ပွဲ၌ ပြိုင်ပွဲဝင်တေးသီချင်းအသစ်(၂၀၃)ပုဒ်နှင့်ပထမအကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် တေးသီချင်း(၉၇)ပုဒ်အပြင် ထင်ရှားသောအနုပညာရှင်များ ရေးစပ်ထားသည့် သီချင်း အပုဒ် (၂၀)ပါဝင်ခဲ့ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများမှအဆင့်ဆင့်စိစစ်ရွေးချယ်ခဲ့ရာ ပဏာမအဆင့် သီချင်း(၃၀)ပုဒ်မှ တဆင့် ဆန်ကာတင်သီချင်း(၁၀)ပုဒ်ကိုရွေးချယ်ခဲ့ခြင်းဖြစ်သည်။

“အဲ့ဒီ ဆန်ကာတင်(၁၀)ပုဒ်ကနေ အများပြည်သူဆန္ဒနဲ့အကိုက်ညီဆုံး တေးသီချင်းတစ်ပုဒ်ကို Theme Songအဖြစ် ရွေးချယ်ခဲ့ပါတယ်၊ ကျန်သီချင်း(၉)ပုဒ်ထဲမှာမှ OfficialSong(၄)ပုဒ်ကို ရွေးချယ်ခဲ့ပါတယ်၊ စုစုပေါင်း(၅)ပုဒ်ပါ”ဟု မြန်မာနိုင်ငံအမျိုးသားအားကစားကော်မတီဥက္ကဌ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ပြောသည်။

အဆိုပါ တေးသီချင်း(၅)ပုဒ်မှာ ရောင်စုံဥယျာဉ်၊ ရွှေရောင်လက်ခုပ်သံ၊ Win The Day၊ မိုးယံလွင့်ပျံ လက်ခုပ်သံနှင့် အရှေ့တောင်အာရှ မြန်မာ့အောင်မြေတို့ဖြစ်ကြပြီး ရောင်စုံဥယျာဉ်သီချင်းကို Theme Song အဖြစ် ရွေးချယ်ထားပြီး ကျန်(၄)ပုဒ်ကို Official Song အဖြစ်ရွေးချယ်ထားကြောင်း တေးသီချင်းစိစစ်ရွေးချယ်ဖန်တီးရေးကော်မတီ ထံမှ သိရှိ ရသည်။

Myit Ma Kha Media Group.

No comments:

Post a Comment