Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 10, 2013

System Of A Down - B.Y.O.B.


ဖြစ်နိုင်ရင် ပြီးတဲ့အထိ ဖတ်စေချင်ပါတယ် ..ကျွန်တော်ခင်တဲ့လူတွေကို tag ထားတာပါ .မကြိုက်ရင်မဖတ်ပါနဲ့ ..Like ကို ဖတ်ပြီးလို့ ကြိုက်မှ လုပ်စေချင်ပါတယ် ..Tag တာကျန်သွားရင် ခွင့်လွှတ်ပါ .ကျွန်တော် FB မှာ comment ရေးဖူးတဲ့လူတိုင်းကို tag ချင်တာပါ .အများကြီးရေးထားလို့ ညောင်းနေလို့ .. \m/ SOAD B.Y.O.B. သီချင်းဟာ System of a Down ရဲ့ စတုတ္ထမြောက် အယ်ဘမ် Mezmerize ထဲက တစ်ပုဒ်ဖြစ်ပြီး .သီချင်းရဲ့ အဓိက အကြောင်းအရာကတော့ အမေရိကန်တို့ ရဲ့ အီရတ်ကို ကျူးကျော်မှု
ကို ရှုံ့ ချ ထားတာဖြစ်ပါတယ် ...ဒါပေမယ့် သိတဲ့အတိုင်း SOAD ဟာ သူတို့ ဟာ Political band
တစ်ခုမဟုတ်ဘူးလို့ ဝန်ခံထားတော့ ဒီသီချင်းမှာလည်း တခြား SOAD သီချင်းတွေလို တွေးစရာလေးတွေ အများကြီး ပါပါတယ်..B.Y.O.B ရဲ့ မူရင်းဖွင့်ဆိုချက်ကတော့ Bring Your Own Booze ( or Beer ) ဖြစ်ပြီး တစ်ချို့ ပါတီပွဲဖိတ်စာတွေ မှာ ပါပါတယ် .ပြောချင်တာကတော့ ကိုယ့်
အရက်ယမကာ ကိုယ်ယူလာပေါ့ သူတို့ တာဝန်မယူဘူး ဆိုတဲ့ ပုံစံပါ ..
SOAD က တော့ Bring Your Own Bombs လို့  B.Y.O.B ကို အနက်ဖွင့်ပါတယ် ..
အီရတ် ဟာ ရေနံပေါကြွယ်ဝတဲ့ နိုင်ငံတစ်နိုင်ငံပါ ..အမေရိကန်စီးပွားရေး-နိုင်ငံရေး သမားတွေက
ဒါကို မြင်ပါတယ် ...သူတို့ ဟာ အီရတ်ကို ပြစ်ချက်တစ်ခု ရှာနေတဲ့အချိန်မှာ ဘင်လာဒင်က 9/11
ဖြစ်ရပ်ဆိုးကို ဖန်တီးပါတယ် ...နိုင်ငံတစ်နိုင်ငံရဲ့ အစွန်းေ၇ာက်အဖွဲ့ တစ်ခုလုပ်ရပ်နဲ့ ပဲ အဲ့နိုင်ငံကို
ကျူးကျော်တိုက်ခိုက်ဖို့ ဖန်တီးပါတယ် ....စစ်ပွဲတွေတိုင်းရဲ့ နောက်ကွယ်မှာ ကျွန်တော်တို့ မသိနိုင်တဲ့
လှို့ ဝှက်ချက်တွေ အများကြီးရှိပါတယ် ..အဲထဲကမှ တစ်ချက်ကတော့ စီးပွားရေးသမားတွေပါပဲ .
အစဉ်အလာအတိုင်း စီးပွားရေးသမားတွေဟာ နိုင်ငံရေးနဲ့ မကင်းပါဘူး .ဒီလိုပဲ နိုင်ငံရေးသမားတွေ
ကလည်း စီးပွားရေးသမားတွေနဲ့ မလွတ်ပါဘူး ..ဒီလို နဲ့ သူတို့ ဖန်တီးလိုက်တဲ့ စစ်ပွဲဟာ အပြစ်မဲ့လူ
အများကြီး ရဲ့ အသက်အိုးအိမ်ပစ္စည်းတွေ ဆုံးရှုံးစေခဲ့ပါတယ် ..
B.Y.O.B သီချင်းဟာ တီးရအခက်ဆုံး intro တွေထဲမှာ ပါပါတယ်..မြန်ဆန်ပြင်းထန်တဲ့ intro အပြီးမှာ Guitarist Daron Malakian က သူ ရဲ့ စူးရှတဲ့အသံနဲ့ B.Y.O.B ကို စ ပါတယ် ..
"' Why do they always send the poor? ''
သူတို့ ရဲ့ အဓိက point ကို အဲနေရာမှာ စခဲ့ပါတယ် ..နောက်
'' Barbarisms by barbaras
With pointed heels
Victorious victorious kneel
For brand new spankin' deals ''
ဒီနေရာမှာ ဘင်လာဒင်ရဲ့ အကြမ်းဖက်မှုကို ခိုင်လုံကောင်းမွန်တဲ့ သက်သေပြချက်မရှိ .စွပ်စွဲချက်တွေနဲ့ အမေရိကန်ဟာ အီရတ်ကို ကျူးကျော်ပါတယ် ..
အဲ့အတွက် သူတို့ စစ်သားတွေလို ပါတယ်..အကြောင်းအရာ ကောင်းကောင်းတစ်ခုပေးနိုင်မှ သာ
ပြည်သူတွေကလည်းလိုလိုလားလားစစ်ပွဲထဲ ပါချင်မှာကို
အဲဒီ့အတွက် အမေရိကန်အစိုးရက စစ်သားသစ်တွေကို ဆွဲဆောင်ပါတယ် ..
''You will be Victorious '' အဲလိုဆောင်ပုဒ်တွေ မက်လောက်စရာ သဘောတူညီချက်တွေနဲ့ 
စစ်သားတွေကို အီရတ်စစ်မြေပြင်စေလွှတ်ပါတယ် ..တစ်ချို့ ဆို လုံးဝ volunteers တွေပါ ..
အဲလို ဖြစ်အောင်ကို အစိုးရ တွေရဲ့ သွတ်သွင်းမှုက ကြောက်ဖို့ ကောင်းပါတယ် ..
'' Marching forward hypocritic and
Hypnotic computers
You depend on our protection
Yet you feed us lies from the tablecloth ''
ဒီလိုနဲ့ စစ်သားတွေဟာ စစ်မြေပြင်ကို ရိုက်သွင်းခံထားရတဲ့ အသိစိတ်တွေနဲ့ ချီတက်ပါပြီ ..
ပြည်သူတွေအတွက်ကာကွယ်ဖို့ ဆိုတဲ့ အသိစိတ်တွေနဲ့ ...
ဒီနေရာက mtv မှာ ပို ပီပြင်ပါတယ် ..
drone စစ်သားတွေဟာ စိတ်ညှို့ ခံထားရသလို တစ်နေရာတည်းကိုချီတက်နေပုံပ
သူတို့ ရဲ့ မျက်နှာဖုံးတွေမှာ "DIE", "TRUTH", "OBEY", "BUY" and "GOD" ဆိုတဲ့စကားလုံးတွေ
ပေါ်လာ ပါတယ် ..သေရဲ ရမယ် .အမှန်တရားအတွက် .အမိန့် ကိုနာခံ ...အဲ အဲ့မှာ BUY ဆိုတာက စားသွားပါတယ် ..အီရတ်ရဲ့ မက်လောက်စရာရေနံတွင်းတွေကို ဆိုလိုချင်ပုံရပါတယ် .GOD ကတော့
အစိုးရ ကို ဆိုလိုချင်ပုံရပါတယ်
လူချမ်းသာ-နိုင်ငံရေးသမားတွေရဲ့ မုသား နဲ့ သူတို့ ဟာ စစ်ပွဲကို တိုက်ကြပါပြီ..
Chorus အရောက်မှာတော့ SOAD က tempo - pattern တစ်ခုကို ပြောင်းလိုက်ပါတယ်
Everybody's going to the party, have a real good time
Dancing in the desert, blowing up the sunshine
ဒါကတော့ အီရတ်စစ်ပွဲကြီးဟာ သူတို့ အတွက် ပါတီကြီးပေးသလို ပျော်ဖို့ ကောင်းနေတဲ့ ဆိုတဲ့ပုံစံပါ
ကန္ထာရ ထဲမှာ သူတို့ ဟာ ပျော်ရွှင်နေကြပါပြီ ...ကျွန်တော်ထင်သလောက် ဒီနေရာက စစ်သားတွေ
နဲ့ သိပ်မဆိုင်ဘဲ တခြား စစ်ပွဲက နေ အကျိုးအမြတ်ယူတဲ့ လူတွေ ကို ဆိုချင်ပုံရပါတယ်
နောက်ထပ် verse
Kneeling roses disappearing into
Moses' dry mouth
Breaking into fort knox stealing
Our intentions
ဒီနေရာကတော့ အမေရိကန် အစိုးရအပေါ် အစ္စရေး ရဲ့ အာဏာ သက်ရောက်မှုကို ဆိုချင်ပုံရပါတယ်
အာဏာ ဆိုပေမယ့် အမေရိကန် ဟာ အစ္စရေး ကို ဖားတဲ့ သဘောမျိုးဖြစ်ပါလိမ့်မယ်
အစ္စရေး ရဲ့ စစ်ကို ဆာလောင် မှု ထဲမှာ အမေရိကန်ု တွေ အသက်ပေးရတာ ကို ဆိုချင်တာ ဖြစ်ပါလိ့မ်မယ်..
Breaking into Fort Knox ဆိုတာ က Fort Knox ဆိုတာ အမေရိကန်စစ်စခန်းတစ်ခုဖြစ်ပြီး အရင်က အမေရိကန်ပြည်သူတွေ ပိုင်တဲ့နေရာတစ်ခုမှာ .အဲလိုစစ်တပ်ရဲ့ အပိုင်စီးမှုတွေ အပြင်
အီရတ် စစ်ပွဲရဲ့ မကုန်ကျသင့်တဲ့ စစ်အသုံးစရိတ် တွေ ကို စစ်-နိုင်ငံရေးခေါင်းဆောင်တွေက ခိုးယူ
တယ်လို့ ပြောချင်တာ ပါ ...အဲ့စရိတ်တွေဟာလည်း ပြည်သူတွေကပဲ ပေးရတာပါ ...
Hangers sitting dripped in oil
Crying freedom
Handed to obsoletion
Still you feed us lies from the tablecloth
အီရတ်ကိုလွတ်မြောက်စေမယ်ဆိုပြီး တိုက်ခဲ့ပေမယ့် အီရတ်ပြည်သူတွေကတော့ ဒီဘ၀ ကနေမလွတ်မြောက်နိုင်ကြသေးပါဘူး ..Freedom ကိုငိုကြွေးတောင့်တနေပေမယ့်မဖြစ်လာပါဘူး.
handed to obsoletion - နေရာမှာ obsoletion ဆိုတာက ခေတ်ကုန်ဆုံးတာကို ဆိုချင်တာထင်တယ် ..Bush လက်ထပ်ကနေ Obama ဆီ လက်လွဲလာပေမယ့် ပြည်သူတွေက
အလိမ်ခံနေရတုန်းပါ..
Blast off!
It's party time!
And we don't live in a fascist nation!
Blast off!
It's party time!
And where the fuck are you?
Daron Malakian က ဒီနေရာမှာ ပေါက်ကွဲထားပါတယ် ...
Daron က Mtv မှာ ဆင်ဆာ ဖြတ်လို့ Blast off ! လို့ အော်ထားတာပါ ..တချို့ live တွေမှာ
FUCK OFF ! လို့ Daron ဆို ပါတယ် ..
ငါတို့ ဟာ ဖက်ဆစ် နိုင်ငံ တစ်ခုမှာ မနေ ဘူး ဆိုတာ ပေါ့ ..
ဖက်ဆစ် ဆိုတာ သူများနိုင်ငံကို ကျူးကျော်သိမ်းပိုက်တာနဲ့ ဖက်ဆစ် ဖြစ်နေပါပြီ.
SOAD က တရားမျှတဲ့ လွတ်လပ်တဲ့ စနစ်တစ်ခု ကို အရမ်းလိုချင်ပုံရပါတယ် ..
Why don't presidents fight the war?
Why do they always send the poor?
ဒီနေရာ ကတော့ ရှင်းမယ်ထင်ပါတယ် ...
အရမ်းကောင်းတဲ့ Quote တစ်ခုလိုပါ ..ဘယ်သူပြောတာလဲတော့မမှတ်မိတော့ပါဘူး ..
လူကြီးတွေကြောင့် စစ်ပွဲ ဖြစ်ရတယ် ..ဒါပေမယ့် အသက်ပေးတော့ လူငယ်တွေ ပဲ ဆိုတာလို ပေါ့
ဒီသီချင်းဟာ 2006 ဂရမ်မီဆု တစ်ခုဖြစ်တဲ့ Best Hard Rock Performance ဆုအပြင် တခြားဆုတွေ အများကြီးဆွတ်ခူးထားသလို Total Guitar က သတ်မှတ်တဲ့ 100 Greatest Guitar Riffs ထဲမှာ 76 ပါ ..
တီးရအခက်ဆုံး Rock/Metal သီချင်း 100 ထဲမှာလည်း ပါပါတယ် ..
ဟုတ်ကဲ့ တော်တော်လည်း ညောင်းသွားပါပြီ ..အာမေးနီးယန်း-အမေရိကန် Band SOAD ဟာ နိုင်ငံရေး ဘာသာရေး တွေပဲ ဆိုလိုချင်တာမဟုတ်ပါဘူး ..အဓိကတော့ လူတွေရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေ မဆီလျော်တဲ့ ဖြစ်ရပ်တွေကို ကျွန်တော်တို့ မေ့ထားနေရာကနေ နဲနဲလောက် တွေးစေချင်လို့ ပါ ..SOAD သီချင်း တွေမှာ တိကျတဲ့ meaning မရှိဘူးဆိုပေမယ့်
သူတို့ ဟာ အရှေ့ မှာ အရမ်းရိုးရှင်းတဲ့ တစ်ခုကို ချပြပါတယ် ..နောက် -ကျွန်တော်ုတို့ ဆက်တွေးပေါ့.


အရှည်ကြီးကို သည်းခံဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ..
SOAD ကို လုံးဝကြီး မကြိုက်ရင်တောင် သူတို့ ရဲ့ လှပတဲ့ သီချင်းတွေကို နဲနဲလောက်ဖြစ်ဖြစ်
ခံစားပေးနိုင်ရင် ....ကျေနပ်ပါပြီ ..

Steven Tyler

No comments:

Post a Comment