Q: I am 33 yrs old man from Yangon. But now I am in (.....) for a visit. I am stammer. Please tell me how to cure my stammering voice. I am so disappointing about my stammering life. I am so tired to speak with others.
A: Stammering ဆိုတဲ့ စကားထစ်တာက Speech disorder စကား သာမက Communication and behavioral disorder ဆက်သွယ်မှု နဲ့ အမူအယာ ပြဿနာပါ တွဲနေတယ်။ အခက်အခဲ ရှိနေသူတယောက်ဟာ စကားပြောဘို့ ကြိုးစားရင်း မျက်နှာနဲ့ ကိုယ်ခန္ဓာမှာ သူများနဲ့ မတူတာပါ ဖြစ်လာစေတယ်။ လူတွေ ၁% ဖြစ်ကြတယ်။ ယောက်ျားတွေက ၄ ဆ ပိုများတယ်။
ဘာလို့ ဖြစ်ရတာ အသေအခြာ မသိသေးပါ။ Genetics မျိုးဗီဇ နဲ့ Neurophysiology အာရုံကြော-ဇီဝကမ္မဗေဒ နှစ်ခုလို့ ယုံကြည်ကြတယ်။ သုတေသနတခုကတော့ Neurological coordination of speech အာရုံကြော ထိန်းညှိပေးနိုင်မှုပါ။ မိသားစုဘဝ၊ ငယ်ငယ်က ကြီးထွားလာပုံတွေကိုပါ လေ့လာတယ်။ အကြောင်းရင်းက တယောက်နဲ့ တယောက် မတူပါ။ ဖြစ်တာလဲ တယောက်ထဲမှာတောင် တယ်လီဖုန်းနဲ့ပြောတာ နဲ့ မျက်နှာချင်းဆိုင်ပြောတာ မတူတတ်ပါ။
Stammering ကို အင်္ဂလန်-ဥရောပ၊ Stuttering ကို အမေရိကား-သြစတြေးလျားမှာ သုံးတယ်။ ရောဂါလားလို့ မေးရင် Disease မဟုတ်ပါ။ Disorder သာ ဖြစ်ပါတယ်။ အဆီအငေါ်မတည့် ဖြစ်နေတာမျိုး။ Organic အင်္ဂါတခုခုမှာ ချို့ယွင်းတာလဲ မဟုတ်ပြန်ပါ။ ဖြစ်နေတဲ့သူ စိတ်သက်သာအောင် စကားလုံး ရွေးပြောနေတာတော့ မဟုတ်ပါ။ ကုသရာမှာ ရောဂါတွေလို ဆေးပေးနည်းနဲ့ မရတာကို ပေါ်လွင်စေချင်လို့ ဖြစ်ပါတယ်။ Psycho speech disorder စိတ်နဲ့တော့ အသေအခြာ ဆိုင်ပါတယ်။
စကားထစ်တာဟာ ဖွံ့ဖြိုးမှုပြဿနာလဲ ဖြစ်တယ်။ ကလေးတိုင်းလိုလို ငယ်တုံးက စကား ခပ်ထစ်ထစ် ဖြစ်ဘူးကြတယ်။ ကလေး ၂ဝ% လောက်မှာ လာဖြစ်တယ်။ သက်သာ ပျောက်ကင်းနှုံးတော့ ကောင်းပါတယ်။ K, B, T, D, M ဆိုတဲ့ အသံထွက်မှာ လာခက်တယ်လို့ သတိထားမိသူတွေ ရှိတယ်။ မိဘတွေကနေ “စကား ဖြေးဖြေး ပြောကွာ၊ ထပ်ပြောစမ်း၊” စသဖြင့် အကျင့်လုပ် မေး-ပြောနေရင် ကလေးမှာ စိုးရိမ်စိတ် ကဲလာစေမယ်။ အမူအယာတွေ မတူတာလဲ ဒီသဘောဘဲ။ မျက်လုံး ပိတ်ချီ-ဖွင့်ချီ လုပ်တာ၊ ပါးစပ်ရွဲ့တာ။ မိဘတွေကို အပြစ်ဖို့တိုင်းလဲ မမှန်ပြန်ပါ။ ပျောက်နေပြီးမှ ပြန်ပေါ်တာလဲ ရှိတတ်တယ်။
သီချင်းဆို၊ ကဗျာရွတ်ရင် မထစ်ဘဲ သာမန်စကားပြောမှ ထစ်တာကို Copied style ခေါ်တယ်။ သရုပ်ဆောင်ရင် ပီပီပြင်ပြင် ပြောနိုင်-ဆိုနိုင်တယ်။ ဘာလို့လဲဆိုတော့ ကြိုတင် သတ်မှတ်-ရွေးချယ်ပြီးသားကို
စကားပြောရင် အသံတခုဖြစ်ဖြစ်၊ စကားတလုံးထဲဖြစ်ဖြစ် စကားစုဖြစ်ဖြစ် ထပ်နေ၊ ဆွဲနေ၊ ထစ်နေတယ်။ ကြားထဲ ရပ်နေမယ်။ ထပ်နေတာက "to-to-to-tomorrow" မျိုး၊ ဆွဲနေတာက "mmmmmmilk" မျိုး။ လူကြား-သူကြား စကား မကြွယ်သူတွေ အထစ်အငေါ့မျိုးနဲ့တော့ မတူပါ။
စကားထစ်တာက ရေပေါ်မှာ ပေါ်နေတဲ့ ရေခဲတုံးထိပ်နဲ့တူပြီး၊ သူ့အောက်ခြေမှာ စိတ်ပိုင်းဆိုင်ရာ အနုတ်သဘော ဆောင်မှု ရှိနေပါတယ်။ ရှက်စိတ်၊ သိမ်ငယ်စိတ်၊ ဒေါသ၊ စိုးရိမ်မှု၊ အပြစ်လို့ ခံစားနေမှုတွေ ရှိနေနိုင်တယ်။ သူ့ကိုယ်သူ ဂုဏ်ငယ် လာတယ်။ ကုသတဲ့အခါ ဒါကို ဂရုစိုက်ပေးရတယ်။ စိုးရိမ်စိတ်၊ ကိုယ့်ကိုယ်ကို အထင်မကြီးမှုတွေနဲ့ မဆိုင်ဘဲလဲ ဖြစ်ပါသေးတယ်။
စောစောကုသလေ ကောင်းလေ။ တခါထဲ ပျောက်တာမျိုးတော့ မဟုတ်ဘူး။ ဒီအဖြစ်ကို စပါယ်ရှယ်တွေက တရက်-တခါ၊ ဒါမှမဟုတ် တပါတ် ၂ ခါ၊ စုစုပေါင်း အခါ ၂ဝ လာခိုင်းတယ်။
• Fluency shaping therapy စကားကြွယ်ကြွယ်၊ ရှည်ရှည်၊ အဆက်အစပ်ရှိရှိ ပြောစေနည်းပါ။ လေးလေးပင်ပင်၊ ဆွဲဆွဲငင်ငင် ပြောစရာတွေပါလို့ စကားပြောနှုံးနှေးစေမယ်။ နောက်ပိုင်းရောက်တော့ နှုံးတက်လာစေရတယ်။
• Modification therapy စကားထစ်တာကို ပုံစံပြောင်းပေးနည်။ စိုးရိမ်မှုကို လျော့ပေးတာပါ။
o အဓိကနဲ့ သာမည အမူအယာ၊ ခံစားမှုတွေကို Identification အရင်ရှာကြည့်ရတယ်။
o နောက်တဆင့် ဒါတွေကို Desensitization ယဉ်ပါးစေအောင် ကျင့်ပေးမယ်။
o တတိယအဆင့်မှာ Modification အသွင်ပြောင်းစေမယ်။ သက်တောင့်သက်သာ ထစ်စေမယ်။ နားစေမယ်။ ထပ်အပြောခိုင်းမယ်။
o နောက်တဆင့်မှာ Stabilization သင်ထားတာတွေကို ပြန်လေ့ကျင့်ပြီး သူ့ဖါသာ နားတာစသဖြင့် လုပ်ခိုင်းမယ်။
Electronic fluency devices ကရိယာသုံးနည်းလဲ ရှိတယ်။ Altered auditory feedback သူပြောခဲ့တာကို အသံတမျိုးနဲ့ ပြန်နားထောင်စေတယ်။ တချို့တော့ တိုးတက်စေပါတယ်။ Anti-stuttering medications ဆေးပေးနည်းက ပြန်ဆန်းစစ်တဲ့အခါ မသုံးသိပ်မတည့်တာ တွေ့လာရတယ်။
လူတယောက် စကားထစ်နေတာကို ရှုံ့ချတာ၊ လူညံ့လို့ ပြောတာ၊ ပျက်ရယ်ပြုတာ လုံးဝ မလုပ်သင့်ပါ။ Professional advice ပညာရှင်အကြံမျိုး မဟုတ်တောင်မှ အားပေးသင့်တယ်။ “ဖြေးဖြေးဘဲ ပြောပါကွာ၊ ငါ နားထောင်နေမယ်။ မင်း စိတ်လို လက်ရ သက်တောင့် သက်သာရှိမှ ပြော။” “မင်း အရင်ကထက် တိုးတက်လာပြီဘဲ။” Self-therapy ကိုယ်တိုင် ပြုပြင်နည်း ရေးပါရစေ။
၁။ စကားကို မြန်မြန်မပြောပါနဲ့။
၂။ အသက်ရှူတာ ပုံမှန်သာ ရှူပါ။ စိတ်ပူ-ကြောက်ရွံ့တဲ့အခါ “Take a deep breath အသက်ပြင်းပြင်း ရှူလိုက်ပါ” လို့ ပေးတဲ့အကြံမျိုး ဒီနေရာမှာ လိုက်တာထက် မပိုစေပါနဲ့။
၃။ စကားကို ညင်ညင်သာသာ ပြောပါ။
၎။ Slow motion ရုပ်ရှင် အနှေးပြသလိုနဲ့ စပါ။ နုတ်ခမ်း-လျှာ ဖြေးဖြေးကလေးသာ လှုတ်ပါ။
၅။ ပြောမဲ့ စကားလုံးက ရှည်တယ် ဆိုပါစို့၊ ဘယ်အသံထွက်ကို ထိထိမိမိ ပြောရမလဲ One particular syllable ရွေးပြီး Add a bounce တမင်လုပ် ပြောပါ။
၆။ ကိုယ်ကြိုက်တဲ့ စာ-ကဗျာ ကို အသံခပ်ကျယ်ကျယ် ဖတ်ပါ။ ဖတ်နေတုံးမှာ အသက်ရှူတာ ပုံမှန်နဲ့ သက်တောင့် သက်သာ ရှိပါစေ။ အစမှာ ပုံမှန်အသံသာ ဖြစ်ပါစေ။
၇။ ကိုယ်ဖတ်သွားခဲ့တာကို ပြန်နားထောင်ကြည့်ပါ။
၈။ ရှည်တဲ့ သရသံ ၅မျိုး (5 Long Vowel Sounds = long /a/ as in gate; long /e/ as in need; long /i/ as in nice; long /o/ as in yoke; long /u/ as in you) ကို အချိန်ကြာပါစေ ဖြေးဖြေးချင်း ထွက်ပါ။ မြန်မာစာ သင်ပုန်းကြီးမှာ “အ၊ အာ၊ အား၊” ကနေ “အံ၊ အံ့၊ အံး” အထိ သရ (၂၁) လုံးရှိတယ်။ Vowel sound တွေကို Glottis ဆိုတဲ့ “အသံထွက်တဲ့ Vocal folds ၂ ခုနဲ့ ကြားက ကွက်လပ်နေရာ” အပေါ်မှာ လေဖိအား မသုံးဘဲ ထွက်ရတဲ့ အသံတွေကို ခေါ်ပါတယ်။
စကားထစ်သူတွေက ဥာဏ်ရည် ပိုထက်တယ်လို့ ထင်တာ မဟုတ်ပါ။ သူများတွေထက်တော့ ထူးပြီး ညံ့မနေပါ။ လူတော်တွေ အများကြီး၊ Alice's Adventures in Wonderland ဆိုတဲ့ နာမည်ကြီး ပုံပြင်စာအုပ်ကို ရေးခဲ့တဲ့ Charles Lutwidge Dodgson နောက်ပြီး၊ နိုင်ငံ့ ခေါင်းဆောင်ကြီးတွေထဲမှာ ရိုမင်-အင်ပါယာ Claudius ဗြိတိန်-ဝန်ကြီးချုပ် Winston Churchill တို့ဟာ Stammers တွေ ဖြစ်ကြတယ်။ လက်ရှိ နာမယ်ကြီးတွေထဲမှာ ဂေါက်သီး ဆူပါစတား Tiger Woods အမေရိကန် ဒုသမတ Joe Baiden တို့ဟာလည်း Stutters တွေ ဖြစ်ကြပါတယ်။ မထစ်ဘဲနဲ့တော့ ထစ်ချင်မနေနဲ့။
Dr. တင့်ဆွေ
၆-၁ဝ-၂ဝ၁ဝ
No comments:
Post a Comment