Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 10, 2013

MissUniverseMyanmar2013 ပြိုင်ပွဲ မြန်မာကိုယ်စားပြုအလှမယ်ရွေးမည်

Hello Madam Media Group မှ စီစဉ်တင်ဆက်မည့်Miss Universe 2013 ပြိုင်ပွဲကျင်းပရေး စာနယ်ဇင်းရှင်းလင်းပွဲကို စက်တင်ဘာ ၆ရက်နေ့ နေ့ခင်း ၂နာရီက ကန်တော်ကြီးပဲလေ့ဟို တယ်မှာ ကျင်းပခဲ့ပါတယ်။ ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလက ရုရှားနိုင်ငံ၊မော်စကိုမြို့မှာ ကျင်းပမယ့် Miss Universe 2013 ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်မယ့် Miss Myanmar ကို Hello Madam Media Group အောင်တိုဘာ ၃ ရက်နေ့မှာ ပြိုင်ပွဲကျင်းပ၍ ရွေးချယ်စေလွှတ်
ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရ ပါတယ်။ ပြိုင်ပွဲဝင်မယ့်သူဟာ ၂ဝ၁၃ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်နေ့တွင် အသက်၁၈နှစ်ပြည့် ပြီးသူဖြစ်ရမယ့်အပြင် အသက် ၂၇ နှစ်ထက်မကြီးသူ ဖြစ်ပါ တယ်။ ၅ ပေ ၆လက်မနဲ့ အထက် ရှိရမှာလည်းဖြစ်ပါတယ်။Universe Myanmar Title
ဆုအတွက် ကျပ်သိန်း၁ဝဝနဲ့ Honda Fit ကား၁စီး၊ First Runner Up အတွက် ကျပ်သိန်း၅ဝ၊ Second Runner Up အတွက် ကျပ်၂၅သိန်း၊ဆန်ခါတင် ၁၅ ဦးအတွက် ကျပ်၃သိန်းစီချီးမြှင့် သွားမှာဖြစ်ကြောင်း သိရပါတယ်။

စက်တင်ဘာ၁၂ရက်နေ့မှာ လူတွေ့စစ်ဆေးမှုများပြုလုပ်သွားမှာဖြစ်ပြီး၊ စက်တင်ဘာ ၂၆ ရက် မှ ၃ဝ ရက်နေ့အထိ ပဏာမရွေး ချယ်ခံထားရတဲ့Miss Myanmar များကို လူမှုရေးလှည့် လည်ဆောင် ရွက်ခြင်းများပြုလုပ် သွားမှာ ဖြစ်ပါတယ်။ အောက်တိုဘာ ၃ ရက်နေ့ မှာ အမျိုးသားကဇာတ်ရုံမှာ ပြိုင်ပွဲကျင်းပပြုလုပ်ကာ ရွေးချယ်သွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ၁၉၆ဝ ခုနှစ်မှာ ဒေါ်မြင့်မြင့်မေမှ Miss Universe ပြိုင်ပွဲသို့ သွားရောက်ယှဉ် ပြိုင်ခဲ့ပြီး Miss Congeniality ဆုကို ရရှိခဲ့ဖူး ပါတယ်။ Hello Madam Media ရဲ့မန်နေဂျင်းဒါရိုက်တာဒေါ်စိုးယုဝေက "ပြိုင်ပွဲ ကျင်းပ ပြုလုပ်ရတဲ့ ရည်ရွယ်ချက် ကတော့ နိုင်ငံတကာစံချိန်စံညွှန်းများနဲ့ ကိုက် ညီတဲ့ မြန်မာနိုင်ငံကိုယ်စားပြု Miss Myanmar ပေါ်ထွက်လာစေဖို့ရယ်၊ နှစ်ပေါင်း ၅ဝ ကျော်ကြာ ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်နိုင် ဖို့ရယ်၊ထက်မြက်တဲ့ နိုင်ငံဂုဏ်ဆောင် အမျိုးသမီးများပေါ်ထွက်လာစေဖို့ရယ်၊မြန်မာရိုးရာ ယဉ်ကျေးမှုနဲ့လှပတဲ့သဘာဝ ပတ်ဝန်းကျင်အနေအထားများကို နိုင်ငံတကာ ကသတိပြုမိစေပြီးနိုင်ငံတကာနဲ့ အပြန် အလှန်ထိတွေ့ဆက်ဆံမှုများပိုမိုရရှိစေဖို့ အတွက်ရည်ရွယ်ပါတယ်" လို့ ပြောပါတယ်။

Miss Universe Myanmar ပြိုင်ပွဲမှာ စတိတ်တင်ဆက်မှု ဒါရိုက်တာအနေနဲ့ ဆောင်ရွက်သွား မယ့် ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) က "ကျွန်တော်က ဒီပွဲကြီးရဲ့ စတိတ်တစ်ခုလုံးကို တာဝန်ယူသွားမှာပါ။ ပရိသတ်တွေ မကြည့်ဖူးတဲ့ ဒီဇိုင်းမျိုးကို စဉ်းစားထားပါတယ်။ အရင်တုန်း ကတော့ကမ္ဘာ့ အလယ်မှာ ပျောက်နေတာတော်တော်ကြာပြီ။အခုကမ္ဘာ့အလယ် ကိုဝင်တိုးခွင့်ရပြီ ဆိုတော့ ဒါတိုးတက်လာပြီ။"

"ကိုယ့်နိုင်ငံကို ကမ္ဘာက သိဖို့ အတွက် အခွင့်အရေးတစ်ခုပါပဲ။အခု Belarus နိုင်ငံမှာ သွားပြိုင်တဲ့ မြန်မာမော်ဒယ်ခင်ဝင့်ဝါရဲ့ပုံတွေကို လည်းကြည့်ဖြစ်ပါတယ်။ခင်ဝင့်ဝါက အချိုး အစားတအားကျတယ်။ဒါပေမဲ့ နိုင်ငံတကာနဲ့ ယှဉ်လိုက်တဲ့ အချိန်မှာအရပ်ပုနေတာကိုတွေ့ ရတယ်။အချိုး အစားက ဘာမှ ပြောစရာမရှိပါ ဘူး။ တော်တော်လှပါတယ်။နိုင်ငံ ကိုယ်စား ပြုသွားပြိုင်နေတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံ သားတွေနဲ့ အနုပညာရှင် တွေလည်း အားပေးသင့် တယ်လို့မြင် ပါတယ်။ မယ်ပြိုင်ပွဲမှ မဟုတ်ပါ ဘူး။အားကစားပွဲတွေလည်း ဒီလိုပါပဲ" လို့ မြန်မာ့ဂုဏ်ဆောင်မယ်ပြိုင်ပွဲတွေ အပေါ် အမြင်ကိုဖွင့်ဟပါတယ်။Main Sponsor အဖြစ်ပံ့ပိုးပေးမယ့် ထူးဖောင်ဒေးရှင်းက ပထမဆုရတဲ့ Miss Universe Myanmar ကို ထူးဖောင်ဒေး ရှင်း ရဲ့ပရဟိတလုပ် ငန်းများမှာသံတမန်အဖြစ်တစ် နှစ်တာရွေးချယ် သွားမှာ ဖြစ် ပါ တယ်။

No comments:

Post a Comment