Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 24, 2013

Miss Universe Myanmar ကျိုက်ထီးရိုးခရီးစဉ်

ထူးဖောင်ဒေးရှင်းမှ စီစဉ်သည့် Miss Universe Myanmar
အလှမယ်များ၏ ပရဟိတလုပ်ငန်း များဆောင်ရွက်ခြင်း
ခရီးစဉ်ပထမ ရက်အနေနဲ့ စက်တင်ဘာ ၂၃ရက် နေ့က
ကျိုက်ထိုမြို့နယ်ရှိ ဆိပ္ဖူး တောင်လူငယ်ဖွံ့ဖြိုးရေးပရဟိ
တ ဂေဟာသို့သွားရောက်ကာ ကလေး ငယ်များအား
နွေးထွေးပျူငှာစွာ ဆက်ဆံခဲ့ကြကာ အားပေးစကားများ
ပြောကြားခဲ့ကြသည်။ ထို့နောက် ဂေဟာမှ ကလေးငယ်
များနှင့်အတူ ကျိုက်ထီးရိုးဘုရားအား ပျော်ပျော် ရွှင်ရွှင်
သွားရောက်ဖူးမြော်ခဲ့ကြသည်။
Miss Universe Myanmar ပြိုင်ပွဲဝင်အလှမယ် ၂ဝဦး
သည် စက်တင်ဘာ ၂၄ရက်နေ့တွင် ရွှေတိဂုံဘုရားနှင့်
တိရစ္ဆာန်ဥယျာဉ် တို့ကို သွားရော်လည်ပတ်ကြမှာဖြစ်
ကာ စက်တင်ဘာ ၂၅ရက်နေ့မှာတော့ အမျိုးသားယဉ်
ကျေးမှုနှင့်အနုပညာတက္ကသိုလ်မှာ မြန်မာ့ရိုး ရာယဉ်
ကျေးမှုအနုပညာများကို သွား ရောက်လေ့လာကြမှာဖြစ်
သလို၊ ကင်ဆာဖောင်ဒေးရှင်းမှ ကင်ဆာရောဂါ ဝေဒနာ
ခံစားနေရသူများအား သွား ရောက်အားပေးစကား ပြော
ကြားမှာဖြစ်ပြီး ငြိမ်းချမ်းရေးစင်တာသို့ သွားရောက်ပြီး မြန်မာ
နိုင်ငံသူနိုင်ငံ သားအပေါင်း ငြိမ်းချမ်းရေးရရှိစေ ဖို့လည်း
ဆုတောင်းကြဦးမှာဖြစ် ကြောင်း သိရပါတယ်။အဆိုပါ
Miss Universe Myanmar ပြိုင်ပွဲကိုမြန်မာပြည်အတွက်
ဆော်သြဆောင်ရွက်သည့်အဖွဲ့ အစည်းမှာHELLO MADAM
Media Group မှဖြစ်ပြီးအောက်တိုဘာ(၃)ရက်နေ့ ရက်နေ့ 
ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံတွင်Miss Universe Myanmar
ရွေးချယ်ပွဲ ပြိုင်ပွဲကျင်းပမည်ဖြစ်သည်။

ခိုင်ဝေလွင်
ဓာတ်ပုံအိသွဲ့(တန့်ယန်း)





























No comments:

Post a Comment