Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 17, 2013

မြန်မာ၎ယောက် london fashion weekမှာအစွမ်းပြခဲ့ကြပုံ


အင်္ဂလန်ရောက်မြန်မာလူငယ်ဓါတ်ပုံပညာရှင်(၄)ယောက်ကိုlondon fashion weekကဖိတ်ကြားလို့  fashion ပွဲမှာဓါတ်ပုံပညာအစွမ်းပြခဲ့ကြရကြောင်းကို“ကျွန်တော့် ညာဘက် က နေ စရင်
ကိုလင်းထွန်း (photographer ) ပြီးတော့ကျွန်တော်၊ပြီးတော့ကိုသားလတ် (photogarpher )နဲ့ ကို စိုးထက်အောင် (photo-grapher ) တို့ ပါ။ကိုလင်းထွန်းက ဒီနိုင်ငံ(အင်္ဂလန်)မှာနာမည်ကြီး
မော်ဒယ်တွေကို magazine တွေ fashion show တွေ မှာ ဒိုင်ခံရိုက်ပေးနေတဲ့ နာမည်ကြီး photographerတစ်ယောက်ပါ။
မနေ့ က(စက်တင်ဘာ၁၅ရက်နေ့ )က လုပ်တဲ့ london fashion week ဆိုတာ ခု winter မရောက်ခင် fashion အတွက် promotion လုပ်တဲ့ အနေနဲ့  friday ကနေ sunday
ထိ london နေ ရာအနှံ့ မှာ designer တွေက သူတို့ ရဲ designတွေကို promote လုပ်တဲ့အနေနဲ့  catwalk show တွေလုပ်တာပါ။”
လို့ လန်ဒန်ရောက်မြန်မာရုပ်ရှင်ပညာရှင်လူငယ်တစ်ဦးဖြစ်တဲ့ကိုရဲခန့် ကသူတို့ ပါဝင်အားဖြည့်ပေးခဲ့ကြရတဲ့ london fashion week SS14
ပွဲကိုပါဝင်ဆင်နွှဲခဲ့ဖြစ်ပုံကိုရှင်းပြပါတယ်။
“london fashion week ဆိုတာ worldwide နာမည်ကြီး event
တစ်ခုဖြစ်ပြီး အီတလီ၊ကိုးရီးယား ၊ဂျပန် ပြင်သစ် အမေရိကန် စတဲ့
နိုင်ငံတွေက designer တွေ ပါ လာ ပြီး ဆင်နွဲကြတာပါ။
မနေ့ ကပွဲမှာ ကိုလင်းထွန်းက lead phtographer အနေ နဲ့ 
ဖိတ်ကြားခြင်းခံရပြီး သားလတ်နဲ့ စိုးသက်ထွန်းတို့ က လည်း
event photographer အဖြစ် ၀င်ရိုက်ပေးကြပါတယ်၊ကျွန်တော်
က လည်း ဗီဒီယို မှတ်တမ်းတင်ဖို့  ဖိတ်ကြားခြင်းခံခဲ့ရပါတယ်”
လို့ လည်းဗီဒီယို မှတ်တမ်းတင်ဖို့  ဖိတ်ကြားခြင်းကိုကြည်နူးစွာ
ရှင်းပြသလို“ဒီပွဲကို ဗီဒီယိုမှတ်တမ်းတင်ဖို့  အတွက် ကမ္ဘာ ကျော်
fashiontv ကလည်းလာရောက်ရိုက်ကူးခဲ့တယ်။ကျွန်တော်တို့ 
ရိုက်ကူးခဲ့တဲ့ပုံတွေဗီဒီယိုတွေကို ကျွန်တော့်  facebook page
ပေါ်မှာ ရော သားလတ် ကိုလင်းထွန်းတို့ page တွေပေါ်မှာ
တင်ပေးသွားမယ်”လို့ လည်းသူရဲ့ အနုပညာအတွက်ပေါ်ပြူလာ
ပရိသတ်နဲ့အတူမြန်မာပြည်ကမိတ်ဆွေတွေကြည့်ရူကျေနပ်နိုင်
ဖို့ မျှဝေလိုကြောင်းဆိုပါတယ်။


photo credit- Fashion TV LFW SS14 Catwalk
 

No comments:

Post a Comment