Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 26, 2013

Learning English - Right word in a right place – SOE MYINT (E.L.I)


မှန်ကန်တဲ့ရွေးချယ်မှုဆိုတာ နေရာတကာမှာ အရေးကြီးပါတယ်။ သူ့နေရာနှင့်သူ မှန်ကန်မှုရှိမှ၊ လိုက်လျောညီထွေမှုရှိမှ အဆင်ပြေတာပါ။ “ဒီလမ်းကို ဒီပန်းလေးနှင့်မှ”၊ “ဒီခရီးကို ဒီထီးလေးနှင့်မှ”၊ “ဒီအ ချိန်ဆို ဒီထမိန်(ထမီ) လေးနှင့်မှ” စသဖြင့် သင့်မြတ်မှုရှိအောင် ရွေးချယ်ရသလို အင်္ဂလိပ်စကားတွေကို လည်း သင့်မြတ်မှုရှိအောင် ရွေးချယ်တတ်ရမည်ဆိုတာ အထူးပြောစရာမလိုတော့ပါဘူး ….. နော်။
အဓိပ္ပာယ် ဆင်တူရိုးမှားဖြစ်နေပြီဆိုရင် သုံးလိုတဲ့အသုံးအနှုန်းအတွက် စနစ်တကျရွေးနိုင်ဖို့ ကူညီ တဲ့အနေနှင့် အခုတစ်ခေါက် Street/Road ….. စတဲ့ သွားလမ်း၊ လာလမ်းတွေအကြောင်း စပ်မိစပ်ရာ ပြော ပြဖို့ ရည်ရွယ်ထားပါတယ်။
ဒီနေရာမှာလည်း ခါတိုင်းလို အဓိပ္ပာယ်တူစကားလုံးတွေက များများစားစားရှိနေတာကြောင့် စာရေး သူအနေနှင့် အတတ်နိုင်ဆုံးကြိုးစားပြီး ခွဲခြားသတ်မှတ်ပေးပါ့မယ်။ ယေဘုယျအကျဆုံးဖြစ်တဲ့ Street နှင့် စ ပါရစေ။
Street
မြို့/ရွာ တစ်ခုခုမှာ ရှိတဲ့လမ်းလို့ အဓိပ္ပာယ်ရတဲ့ စကားလုံးပါ။ လမ်းရဲ့ တစ်ဖက်မှာဖြစ်စေ၊ လမ်းရဲ့ ဝဲ/ယာ နှစ်ဖက်စလုံးမှာဖြစ်စေ လူနေအိမ်ခြေရှိနေတဲ့လမ်းမျိုးကိstreet လို့ ခေါ်ကြတယ်… လို့ အဘိဓာန်မှာ ရှင်းလင်း ဖော်ပြထားပါတယ်။ အဘိဓာန်ထဲကအတိုင်း ဖော်ပြပေးရရင်
Street (N)  - town or village road with houses on one side or both.
Illustrative Sentences
    1. I'm staying on the 27th Street.
ငါ ၂၇ လမ်းမှာ နေပါတယ်။
    1. Yesterday I met my old friend in the street.
မနေ့က ငါ့ရဲ့ မိတ်ဆွေဟောင်းတစ်ယောက်ကို လမ်းမှာ တွေ့ခဲ့တယ်။
Road
အခုစကားလုံး Road ဆိုတာကတော့ လမ်းမကြီးလို့ ခေါ်ရအောင်။ တစ်နည်းပြောရရင် မြို့ရွာတစ်ခု နှင့် တစ်ခုကို ဆက်သွယ်ပေးထားတဲ့ လမ်းမကြီးမျိုးဖြစ်ပါတယ်။ လမ်းရဲ့ တစ်ဖက်တစ်ချက်မှာ တိုက်တာအ ဆောက်အအုံ မရှိတတ်ဖူး….. တဲ့။ အဘိဓာန်ရဲ့ရှင်းလင်းချက်မှာ -
road (N)  - specially prepared way; publicly or privately owned; between places for the use of pedestrians; vehicles … etc. main roads/ minor roads.
အများသူငါ သွားလာစရာအဖြစ် အထူးတလည်ဖောက်လုပ်ထားတဲ့လမ်း။ အများပိုင်လမ်းဖြစ်နိုင် သ လို၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်း သီးသန့်ပိုင်တဲ့လမ်းလည်းဖြစ်နိုင်တယ်။ ခြေလျင်လမ်းလျှောက်သူတွေ၊ အခြားယာဉ်တွေ သွားလာနေကြတဲ့ ဝဲ/ယာ နှစ်ဖက်ရဲ့အကြားမှာရှိတဲ့ လမ်းမကြီး၊ လမ်းမငယ်တွေကို ခေါ် ဝေါ်တာ… တဲ့
Illustrative Sentences
    1. I've got a street map of London and a road map of a Great Britain.
လန်ဒန်မြို့ကြီးရဲ့ မြို့တွင်းလမ်းတွေကို ဖော်ပြတဲ့ လမ်းပြမြေပုံနှင့် ဗြိတိန်နိုင်ငံမှာ မြို့ရွာတွေကို ဆက်သွယ်ထားတဲ့ လမ်းမကြီးတွေရဲ့ မြေပုံ ငါ့ဆီမှာ ရှိတယ်။
N.B
Street နှင့် road တို့ရဲ့ ခြားနားချက်က ဘေးတစ်ဖက်တစ်ချက်မှာ တိုက်တာအဆောက်အုံမရှိတာ အပေါ်မှာ ခွဲခြားပေးထားတော့ ဒီကိစ္စမှာ သို့လော သို့လော ဖြစ်စရာတွေပေါ်လာပြီ။ ဒါကို စာရေးသူ ဖတ်ခဲ့ မှတ်ခဲ့ဖူးတဲ့ စာအုပ်ထဲက နှစ်ယောက်စကားပြောခန်းလေးတစ်ခုကို တစ်ဆင့်ဖောက်သည်ချရင်းနှင့် ရှင်းပြ ချင်ပါတယ်။ ဖတ်ခဲ့မှတ်ခဲ့ဖူးတဲ့စာအုပ်ဆိုတာက Oxford Progessive English for Adult Learners – by A.S Hornby, Book Three (pages 99/100) ကဲ… ကိုယ်တိုင် ဖတ်ကြည့်လိုက်ပါ။
Any Problems?
Pedro  : Before  I came to England I thought I knew the difference between a street and a road. Now I don't! The two words seem to be confused. I thought you had roads in the country. I thought streets always had houses or other buildings. But there are roads in London – Edgware Road, Fulham Road, Hampstead Road, and lots more. Is there any difference between street and road?
ကျွန်တော် အင်္ဂလန်ကို မရောက်ခင်က Street နှင့် road တို့ရဲ့ခြားနားချက်ကို နားလည်တယ်လို့ မှတ်ယူ ထားတယ်။ အခုတော့ အဲဒီလို မဟုတ်တော့ဘူး။ ဇဝေဇဝါ ဖြစ်လာပြီ။ ကျွန်တော် နားလည်ထားတာက မြို့ ပြင်ဖက်မှာ roads ဆိုတာတွေရှိတယ်။ မြို့ထဲမှာရှိတဲ့ streets ဆိုတာတွေကတော့ ဝဲ/ယာမှာ တိုက်တာအ ဆောက်အအုံတွေ ရှိနေတဲ့လမ်းကိုခေါ်တာ။ ဒါပေမယ့် ဒီ အင်္ဂလန်ကိုရောက်လာလိုက်တော့ London မြို့ ကြီးထဲမှာလည်း roads ဆိုတာတွေ ရှိနေတာပဲ။ Edgware Road, Fulham Road, Hampstead Road ဆို တာတွေအပြင် roads တွေ အများကြီး ရှိသေးတယ်။ ဒီတော့ ကျွန်တော်သိချင်တာက street နှင့် road ဆို တာမှာ တကယ့်ခြားနားချက်ရှိပါသလား။
Mr Green : Oh yes, but the two words have got badly mixed up today. Do you know the word thoroughfare? No? It's not a word you need to use very often. But it's a useful word for definitions. Both roads and streets are thoroughfares. Now, you've all been to St.Paul's and the Bank of England, haven't you?
မင်းပြောတာ သိပ်ဟုတ်တာပေါ့။ အဲဒီ စကားနှစ်လုံးကလည်း အခုအခါမှာ သပွတ်အူလိုက်နေပြီ။ ဒါနှင့် မင်း thoroughfare ဆိုတဲ့ စကားလုံးကိုရောသိသလား။ မသိဘူးတဲ့လား။ ဒီစကားလုံးကတော့ သိပ်ပြီးအသုံးပြုဖို့ ကြုံမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အဓိပ္ပာယ်သတ်မှတ်ချက် သိထားသင့်တဲ့စကားလုံးတော့ ဟုတ်ပါတယ်။ မင်းစောစောကပြောလိုက်တဲ့ street ရော road ရော နှစ်ခုစလုံးဟာ thoroughfare တွေဖြစ်ကြပါတယ်လို့ နားလည်ထားလိုက်ပါ။ နေပါဦး၊ ဒါနှင့် တစ်ခုလောက် မေးပါဦးမယ်။ မင်းတို့ စိန့်ပေါလ်ဘုရားရှိခိုးကျောBank of England  ရှိတဲ့နေရာတွေ ရောက်ဖူးတယ် မဟုတ်လား။
Students : Yes. ဟုတ်ကဲ့။
Mr Green : That part of London's "the City". You all know that, don't you? Well, there are no thoroughfares in the City called roads. Some of them are Streets: Fleet Street, cannon Street, King William Street.
You see, there are no roads in "the City". But as soon as we get outside the boundries of "the City". We find roads. Originally these were thoroughfares that went into the country. That's why we have names like Edgware Road, Fulham Road and Hampstead Road. They were thoroughfare without buildings, leading from the City to Edgware, Fulham and Hampstead. Today they're built up, but they've kept the old names. They're still called roads, not streets. And that's happened in all big towns.
အေး အဲဒီနေရာတွေက London ရဲ့ မြို့တွင်းပိုင်းပဲ …. သိပါတယ်နော်။ အဲဒီမြို့တွင်းပိုင်းနေရာမှာ roads ဆိုတာတွေ မရှိပါဘူး။ တစ်ချို့လမ်းနာမည်တွေမှာ street ဆိုတာတော့ ရှိပါတယ်။ ဥပမာ Fleet Street, Cannon Street, King William Street စတာမျိုးပေါ့။
ငါ စောစောကပြောခဲ့သလို မြို့တွင်းပိုင်းမှာ road ဆိုတာ မရှိဘူးနော်။ ဒါပေမယ့် မြို့တွင်း ပိုင်းရဲ့ မြို့တွင်းပိုင်းကိုလွန်ပြီး အပြင်နေရာတွေရောက်လာတော့ roads ဆိုတာတွေ ရှိလာရော။ မူလအစက ဒီ roads ဆိုတာတွေဟာ မြို့ပြင်ကိုရောက်သွားပြီး တခြားမြို့ရွာတစ်ခုခုနှင့် ဆက်သွယ်ထားတဲ့လမ်းပဲ။ ပထမအစမှာတုန်းက Edgware Road, Fulham Road, Hampstead Road တွေရဲ့ ဝဲ/ယာမှာ အဆောက် အဦတွေမရှိကြဘူး။ မြို့တွင်းကနေ Edgware, Fulham, Hampstead အရပ်ဒေသတွေကို အသီးသီးဆက် သွယ်ထားတဲ့လမ်းတွေပေါ့။ ဒါပေမယ့် ကြာလာတော့ - တစ်နည်းပြောရရင် အခုခေတ်ကာလရောက်လာ တော့ ဝဲ/ယာမှာ တိုက်တာအဆောက်အဦတွေ ရောက်လာပါလေရော။ ဒါပေမယ့် road ဆိုတဲ့ မူရင်းနာမည် က ပျောက်မသွားဘူး။ ဒီအတိုင်းပဲ ဆက်ခေါ်နေကြတယ်။ ဒီတော့ လမ်းတစ်ဖက်တစ်ချက်မှာ အဆောက်အ ဦတွေရှိပေမယ့် Road ပါတဲ့ နာမည်ပဲတွင်နေရစ်ခဲ့တဲ့ သဘောပါ။ ဒီလိုဖြစ်ရပ်မျိုးကတော့ မြို့ကြီးပြကြီးတိုင်း မှာ ရှိနေတဲ့ သဘာဝတစ်ခုလို့သာ နားလည်ထားလိုက်ပါတော့။
ဒါကြောင့်
စာရေးသူ ဖြည့်စွက်ပြောချင်တာက အင်္ဂလိပ်စာလို ( Living Language) တွေမှာ ကာလံဒေသံကို လိုက်ပြီး စကားလုံးတွေရဲ့ အဓိပ္ပာယ် ပြောင်းလဲနေပါတယ်။ လွယ်လွယ်ပြောရရင် အချိန်အခါနှင့်အမျှ အဓိပ္ပာယ်နှင့် အသုံးအနှုန်းအပြောင်းအလဲတွေရှိနေတယ်ဆိုတာ Living Language တို့ရဲ့ characteristic ဝိသေသတစ်ခုဖြစ်တယ်ဆိုတာ သိထားဖို့ အရေးကြီးပါတယ်။ 

The Melting Pot 4 U (စုံစီနဖာ ဟင်းလေးအိုးကြီး)

No comments:

Post a Comment