Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 15, 2013

ငါးနှစ်သမီးကလေးအား အုပ်စုဖွဲ့ မုဒိမ်းကျင့် - Lahore gang-rape


Lahore gang-rape: Victim dropped to hospital by... by TheExpressNews

ငါးနှစ်သမီးကလေးအား အုပ်စုဖွဲ့ မုဒိမ်းကျင့်

ပါကစ္စတန်တွင် ငါးနှစ်သမီးကလေး အား အုပ်စုဖွဲ့ မုဒိမ်းကျင့်ကာ လာဟိုးရ်မြို့ရှိ ဆေးရုံတစ်ခုအနီးတွင် စွန့်ပစ်ထားခဲ့။ ကျူးလွန်ခံရသူကလေးမလေးမှာ အရေးပေါ်ခွဲစိတ်ကုသမှုခံယူ အပြီး အခြေအနေကောင်းမွန်လျက်ရှိသော်လည်း စကား မပြောနိုင်သေး။ နောက်ထက် ခွဲစိတ်မှု ၂-ခုပြုရန်ရှိ။ လုံခြုံရေးကင်မရာမှတ်တမ်းမှ တစ်ဆင့် ကူးယူခဲ့သော ခဲဆွဲပုံဖြင့် မုဒိမ်းမှုကျူးလွန်ရာတွင် ပါဝင်ခဲ့သူ ရှာဇဒ်-ကပါဒီယား ဆိုသူအား ပုလိပ်တပ်ဖွဲ့မှ ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့သည်။

နောက်ဆုံးရရှိသော သတင်းများအရ သံသယရှိသူ လေးဦးအား သောကြာနေ့က ဖမ်းဆီးမိခဲ့သောလည်း စခန်းရှိ ဒု-လက်ထောက်ရဲအုပ်မှ ပြန်လွှတ်ပေးခဲ့သည်။ ယခုအချိန်တွင် ထို ဒု-လက်ထောက်ရဲအုပ်မှာ ဝတ္တရားပျက်ကွက်မှုဖြင့် ရာထူးချထားခံရပြီး လွှတ်ပေးခဲ့သော သံသယရှိသူလေးဦးအား ပြန်လည်ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီးဟု ဖော်ပြထားသည်။

No comments:

Post a Comment