Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 17, 2013

စင်ကာပူ James Cook University တက္ကသိုလ် မြန်မာကျောင်းသား ၂၀၀ ကျော် တက်ရောက်



ရန်ကုန်၊ စက်တင်ဘာ ၁၆

သြစတြေးလျနိုင်ငံရှိ နာမည်ကျော် James Cook University ၏ ကျောင်းခွဲဖြစ်သော စင်ကာပူနိုင်ငံရှိ James Cook University (JCU) တွင် ၂၀၀၃ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ တက်ရောက်သူ မြန်မာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၀၀ ကျော် ရှိကြောင်း အဆိုပါ တက္ကသိုလ်၏ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ ဒေါ်ဂရေ့စ်ထိုက်က The Voice သို့ ပြောကြားသည်။

အဆိုပါ စင်ကာပူနိုင်ငံ JCU တွင် ၂၀၀၃ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ် အတွင်း ကျောင်းသား ၁၅၀ ဦးကျော် တက်ရောက် ခဲ့ကြောင်း၊ မြန်မာ ကျောင်းသားဟောင်းများ ပြန်လည် တွေ့ဆုံစုစည်းသည့် မိတ်ဆုံပွဲကို ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်၌ ပထမဆုံး ပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူဟောင်း ၄၀ ဦး တက်ရောက်ခဲ့ကြကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“JCU ကို ဗီယက်နမ်နိုင်ငံက သိတဲ့နှုန်းက ၄ ရာခိုင်နှုန်း မြန်မာကျောင်းသားရဲ့ ၂၃ ရာခိုင်နှုန်းက JCU ကို သိတယ်” ဟု JCU ၏ Electronic and Alumini Marketing မန်နေဂျာ Mr.David Ko က ထိုကျောင်းသားဟောင်းများ တွေ့ဆုံပွဲတွင် ပြောကြားသည်။

၁၉၇၀ ပြည့်နှစ်များကာလတွင် ပညာသင်ဆု ရရှိရန်နှင့် နိုင်ငံတကာ ကျောင်းများသို့ တက်ရောက်ရန် အခွင့်အလမ်းများ နည်းပါးကြောင်း၊ ယခုအခါတွင် ပညာရပ်ဆိုင်ရာ အခွင့်အလမ်းများစွာ ရရှိနိုင်သဖြင့် နိုင်ငံ့အကျိုးပြု လူငယ်များစွာ ပေါ်ထွန်းလာနိုင်ကြောင်း JCU ကျောင်းသို့ ၁၉၇၄ ခုနှစ်က ပညာတော်သင်ဖြင့် တက်ရောက်ခဲ့သော ကျောင်းသားဟောင်း အဝေးသင်တက္ကသိုလ် တာဝန်ခံ ပါမောက္ခချုပ် (ငြိမ်း) ဦးမောင်မောင်အေးက The Voice သို့ ပြောကြားသည်။

James Cook Unidersity ကို သြစတြေးလျနိုင်ငံ Queensland ပြည်နယ် ၌ ၁၉၇၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ပြီး စင်ကာပူနိုင်ငံ ကျောင်းခွဲကို ၂၀၀၃ ခုနှစ်တွင် တည်ထောင်ခဲ့ကာ ဥပဒေ၊ ဆေးပညာ၊ စိတ်ပညာ၊ စီးပွားရေး၊ အင်ဂျင်နီယာစသည့် ဘာသာရပ်များကို သင်ကြားပေးလျက် ရှိကြောင်း စင်ကာပူ ကျောင်းခွဲ၏ Deputy Vice-Chancellor ဖြစ်သူ Dr.Dale Anderson ထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment