Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 20, 2013

iPhone 5S ကို မြန်မာနိုင်ငံတွင် ၂၆ ရက်နေ့ ဝန်းကျင်၌ စတင်ရောင်းချသွားမည်



ယနေ့ စက်တင်ဘာ ၂၀ မှာ စတင်ထွက်လာတဲ့ iPhone 5C နဲ့ iPhone 5S ကို မြန်မာနိုင်ငံမှာ ဘယ်တော့လောက်ရောက်မလဲဆိုတာကို Smart Pro အနေနဲ့ Phone Corner ဖုန်းအရောင်းဆိုင်ကို မေးမြန်းခဲ့ရာမှာ ၎င်းတို့ အနေနဲ့ 5C ကို လက်ရှိအချိန်မှာ သွင်းဦးမှာ မဟုတ်ကြောင်းနဲ့ 5S ကိုပဲ ဦးစားပေး သွင်းလာမှာ ဖြစ်တဲ့အကြောင်း ပြောသွားပါတယ်။

အဲဒီ 5S ကို ဘယ်အချိန်လောက်ရောက်မလဲ မေးမြန်းတော့ ၂၆ ရက်နေ့ ဝန်းကျင်လောက် ရောက်မယ်လို့ ဖြေဆိုသွားပြီး ဈေးနှုန်းက မနက်ဖြန်လောက်မှ အတိအကျသိရမယ်လို့ သိရတယ်။

ဒါကြောင့် ပရိသတ်တို့အနေနဲ့ 5S ကို ဝယ်ယူဖို့ ပိုက်ဆံသာ စုထားကြတော့ လို့ ပြောလိုက်ချင်ပါတော့တယ်။ ဈေးနှုန်းအတိအကျ သိရရင်လည်း ထပ်တင်ပေးသွားပါဦးမယ်။

Smart Pro Journal

No comments:

Post a Comment