Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 24, 2013

iPhone 5S ကို ရင်သား(nipple)နဲ့လည်း Security သတ်မှတ်လို့ရ


ပေါက်ပေါက်ရှာရှာ သတင်းတစ်ခုလို့ဆိုရမှာပါ။ငိုအားထက်ရယ်အားသန်ရ မလိုပါပဲ။Apple ကသူ့ရဲ့  iPhone 5S ကိုယခင်လက်ဟောင်းဖုန်းတွေထက် အသုံးပြုသူပိုမိုလုံခြုံစေတဲ့ Touch ID fingerprint စနစ်ကို ထည့်သွင်း ပေးထားတာ အားလုံးအသိပါပဲ။

ဒါပေမယ့် ဘယ်လောက်ပဲလုံခြုံတယ်ပဲဆိုဆို နည်းပညာခေတ်ကြီးထဲ မှာဘယ်အရာကိုမဆို ဖြေနိုင်တဲ့ နည်း ကတော့ ရှိစမြဲပဲလေ။ဒါကြောင့်ပဲ ပြီးခဲ့တဲ့ရက်ပိုင်းတင်ပဲ finger စနစ်ကိုဖြတ်စီးနိုင်တဲ့ ဂျာမနီက Hacker တောင်ပေါ် လာသေးတာပဲ။

အခုလည်း ဂျပန်ဝက်ဆိုဒ်တစ်ခုမှလွှင့်တင်ထားတဲ့ ဗီဒီယိုဖိုင်အရ Touch ID fingerprint နဲ့သာ သတ်မှတ် ထားတဲ့ iPhone 5S ကိုရင်သားဖြစ်တဲ့(nipple) နဲ့လည်း Security သတ်မှတ်လို့ရတယ်ဆိုတာကို ဗီဒီယို နဲ့ မှတ် တမ်း တင် သက်သေပြထားတာကို ပေါက်ပေါက်ရှာရှာမြင်တွေ့ခဲ့ရပါတယ်။

အမျိုးသားရဲ့ ရင်သား(nipple) နဲ့ Security ပြုလုပ်ထားပုံကို အောက်ပါဗီဒီယို ဖိုင်မှာ ဝင်ရောက်ကြည့်ရှုနိုင် ပါတယ်။

No comments:

Post a Comment