Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, September 28, 2013

ပုဂံရှေးဟောင်းဒေသအား Historical Park အဖြစ် ပြုလုပ်မည်ဆိုပါက Master Plan ရေးဆွဲရန် UNESCO မှ ကူညီမည်



၂၈.၉.၂၀၁၃၊ စနေနေ့

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအား Historical Park အဖြစ် ပြုလုပ်သွားမည်ဆိုပါက UNESCO မှ Master Plan ရေးဆွဲရာတွင် ကူညီသွားရန်ရှိကြောင်း သိရသည်။

အေဒီ ၁၀ ရာစုမှ ၁၄ ရာစုနှစ်အတွင်း တည်ဆောက်ခဲ့သည့် ရှေးဟောင်း အဆောက်အအုံပေါင်း ၃၀၀၀ ကျော် တည်ရှိနေသေးသည့် ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရန် ဆောင်ရွက်လျှက်ရှိသည့်အပြင် Historical Park အဖြစ် အဆင့်တိုးမြှင့်သွားရန်လည်း စီစဉ်လျှက်ရှိကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ သတင်း ထုတ်ပြန်ချက်များအရ သိရသည်။ "Historical Park လုပ်တာကတော့ သက်ဆိုင်ရာဝန်ကြီးဌာနက လုပ်ရမှာပါ။ UNESCO ကတော့ Master Plan လုပ်ရင်တော့ ကူညီပေးမယ်ပေါ့နော်။ အဲဒီလို ကူညီဖို့တော့ အစီအစဉ်ရှိပါတယ်။ အခုအချိန်အထိကတော့ အစီအစဉ် မစရသေးပါဘူး'' ဟု မြန်မာနိုင်ငံအခြေစိုက် UNESCO ရုံးခွဲ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ UNESCO မှ ပုဂံ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးလုပ်ငန်းများတွင် လွန်ခဲ့သည့် နှစ်ပေါင်း၂၀ခန့်ကအထိ ကူညီခဲ့ဖူးကြောင်းနှင့် ယခုအခါ ရှေးပျူမြို့ဟောင်း သုံးမြို့ဖြစ်သည့် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာမြို့များနှင့် ပုဂံမြို့ဟောင်းများအား ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် စာရင်း တင်သွင်းရာတွင်လည်း ကူညီပေးလျှက် ရှိကြောင်းလည်း သိရသည်။

EMG

No comments:

Post a Comment