Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 17, 2013

Facebook News Feed တွင် ဗီဒီယိုများ အလိုအလျောက် ဖွင့်နေမည်



Facebook မှာ ပါဝင်လာမယ့် Feature အသစ် ဖြစ်ပါတယ်။ ယင်း နည်းပညာ ကြောင့် Facebook ရဲ့  News Feed မှာ ဗီဒီယိုတွေဟာ သူ့အလို အလျောက် Play ဖြစ်နေမှာ ဖြစ်ကြောင်း သိရပါတယ်။

အင်တာနက်လိုင်းနှေးတဲ့ နိုင်ငံတွေမှာ အဆင်ပြေမပြေတော့ မသိပါဘူး။ ဗီဒီယိုကတော့ မောက်စ် Scroll down လုပ်လိုက်ရုံနဲ့ ပေါ်လာရင် အလိုအလျောက် Play နေမှာ ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာပေါ်မှာ ဒုတိယ လူကြည့် အများဆုံး ဗီဒီယိုဝဘ်ဆိုဒ်က Facebook ပါ။ Youtube က ပထမရပ်တည်ပြီး Facebook က ဒုတိယ လိုက်မယ်လို့ တောင် ဘယ်သူမှ ထင်မထားခဲ့ပါဘူး။ သို့ပေမယ့် ဒါဟာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ လူကြည့်များ Facebook ဗီဒီယိုမှာ အသုံးပြုရလွယ်ကူအောင် ဖန်တီးပေး မယ် စီးပွားရေး ဈေးကွက် ချဲ့ ထွင်မှာ ကလည်း ဗေဒင်မေး စရာမလို တဲ့ အမှန်တရား တစ်ခု ဖြစ်ပါတယ်။

ဒီတော့ Facebook ဗီဒီယိုမှာ ကြော်ငြာထိုးတဲ့ လခ့်တွေ၊ စက္ကန့်ပိုင်းကြာမြင့် တဲ့ ဗီဒီယိုတွေကို မြင်တွေ့ ရတော့ မှာပါ။ ဒီအတွက် စမ်းသပ်မှုတွေ ပြု လုပ်နေပါတယ်။ မိတ်ဆက်ပွဲမှာတော့ Beta version ကို ပြသခဲ့ပြီး ပိုမိုကောင်းတဲ့ Feature တစ်ခုဖြစ်လာအောင် ကြိုးစားဖန်တီးလျက် ရှိကြကြောင်း သိရပါတယ်။
.
Ref:fbnews
အောင်ခမ်း (TSJ team)

No comments:

Post a Comment