Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 18, 2013

Facebook မှာ ဘာလို့ Dislike Button မပါတာလဲ




အောင်ခမ်း (TSJ team)

အချို့ က မေးကြပါတယ်။ Facebook မှာ Like button ပါပြီး ဘာလို့ မကြိုက်တဲ့ ( Dislike) Button မပါတာလဲတဲ့။ ရှင်းရှင်းပြောရရင် Facebook က မထည့်ပေးလို့ပေါ့။ မထည့်ပေးရတဲ့ အကြောင်းအရင်းက ဒီလိုပါ။

Youtube မှာဆိုရင် ကြိုက်ရင် ထောင်နေတဲ့ လက်မ (Like) ကိုနှိပ်နိုင်ပြီး မကြိုက်ရင် လက်မအောက်ဆိုက် ( Dislike) ကို နှိပ်နိုင်ပါတယ်။ အကြောင်းကတော့ သူက Video Sharing Website မို့ပါ။ ဒီတော့ ဝေဖန်မှု များကို လိုသလိုတောင်းဆိုလို့ ရပါတယ်။ မကြိုက်ရင် Comment box ပိတ်ခြင်း၊ Like box ပိတ်ခြင်းတောင် လုပ်ဖို့အတွက် Youtube က Option ပေးထားပါတယ်။ Facebook ကို ပြန်ကြည့်ရအောင်..

Facebook ကျတော့ Social Network တစ်ခုပါ။ အလွယ်အားဖြင့် လူအများ တစ်နေရာတည်းမှာ စုံစည်းပြီး ဒုတိယ ကမ္ဘာ (Virtual World) တစ်ခုအဖြစ် တည်ဆောက်နိုင်စေဖို့ ဖြစ်ပါတယ်။ ပထမ ကမ္ဘာပဲ ဖြစ်ဖြစ်၊ ဒုတိယ ကမ္ဘာပဲ ဖြစ်ဖြစ် ဘယ်သူ့မဆို ကိုယ့်ကို မကောင်းပြောတာနဲ့ ရန်ရှာတာတော့ မခံချင်ဘူးလေ။ တစ်နည်းပြောရင် Cyber Bullying ကိုပေါ့။ Facebook က လူတစ်ဦးတစ်ယောက်ချင်းစီအတွက် လုပ်ချင်ရာလုပ်၊ ပြောချင်ရာပြောဖို့ အတွက် လုပ်ပေးထားတဲ့ နေရာလေ။ ဒါကိုမှ တစ်စုံတစ်ယောက်ကို ထိခိုက်နေပြီ၊ တိုက်ခိုက်နေပြီ ဆိုတာတွေ မြင်ရင် Facebook က သူ့ဆီ တိုက်ရိုက် Report တင်လို့ရမယ့် Option ကို ပေးထားပါတယ်။ တစ်စုံ တစ်ယောက် Cyber bully လုပ်နေပီ၊ Abuse လုပ်နေပြီ၊ မဟုတ်မမှန် သတင်း လျှောက်ဖြန့်ချိနေပြီဆိုရင် သူ့ဆီ တိုက်ရိုက် အကြောင်းကြား ဖို့အတွက် Post တိုင်းမှာ Option ပေးထားပါတယ်။ နောက်ဆုံး Post တစ်ခုချင်းစီမဟုတ်တော့ပဲ Account တစ်ခုလုံး Page တစ်ခုလုံးကို Report လုပ်လို့ရမယ့် အထိတောင် Facebook က UI ပေးထားပါတယ်။

အဲ့လိုမဟုတ်ပဲ Dislike button သာထည့်ထားရင် ကိုယ့်ကိုယ် ကို သေကြောင်းကြံစည်တဲ့ သတင်းတွေ စည်ကားနေလောက်မှာပါ။ ဒီတိုင်းရှိနေတာတောင် Facebook ကြောင့် စိတ်ဓာတ်ကျဆင်းခြင်း၊ စိတ်ရှုပ်ခြင်း နဲ့ အခြားသော ပြဿနာ အမျိုးမျိုး ရှိနေတာ ကိုယ်ရဲ့  လုပ်ဆောင်ချက်တွေကို တစ်ဦးတစ်ယောက်က စလို့ အားလုံးက ဝိုင်းပြီးတော့ လက်မအောက်ဆိုက် ခလုပ်လိုက်နှိပ်နေရင် ကိုယ့်ကို ယင်းလူမှုပတ်ဝန်းကျင်ကနေ ဖယ်ခွာပစ်လိုက်တာနဲ့ အတူတူပါပဲ။ ရှင်းရှင်းပြောတော့ ဝိုင်းနှိပ်ကွပ်တဲ့ သဘောပေါ့။ Youtube တောင် Dislike ကြည့်ပြီး ဝမ်းနည်းနေကြတာ။ ကိုယ့်ရဲ့ Personal Facebook အကောင့်လေးမှာ Dislike တွေသာ စီတန်းနေရင် သူ့ဘဝအတွက်က ရင်လေးစရာပါပဲ။

ဒါကြောင့် Facebook က Dislike Button မထည့်ရခြင်းပါ။ ကိုယ့် အပေါင်းအသင်း မိတ်ဆွေများကို အားပေးစကား ပြောရင်၊ ခင်မင်ရင်းနှီးမှု အသစ်တွေ တည်ဆောက်ရင်း အေးချမ်းသာယာတဲ့ ဒုတိယ ကမ္ဘာ (Virtual Wrold) တစ်ခု တည်ဆောက်နိုင်အောင် အသိပညာရေး ရေးသားမျှဝေ လိုက်ရ ပါတယ်။

http://blog.techspace.com.mm/2013/09/facebook-dislike-button.html
 

No comments:

Post a Comment