CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Clipping Magic : သင့် Photo က Background ကိုအလွယ်တကူဖယ်ရှားပေးနိုင်တဲ့ ၀က်ဆိုက်
ashampoo 03
သင့် ဓါတ်ပုံက background ကို မကြိုက်လို့ ဖယ်ချင်ရင်တော့
အလွယ်တကူပြုလုပ်ပေးနိုင်တဲ့ ဆိုက်တစ်ခု ကို မိတ်ဆက်ပေးပါရစေ။Photoshop လို
photo editor ဆော့ဝဲတွေ မသုံးတတ်တဲ့သူတွေ အတွက်
အလွန်လွယ်ကူပြီးအဆင်ပြေပါတယ်။ Clipping Magic ဆိုက်ကိုသွားပြီးသင့်ပုံကို
upload လုပ်ပါ။ပြီးရင် photo editor ၀င်းဒိုးပေါ်လာ မှာဖြစ်ပြီး
ဒီဆောင်းပါးမှာတော့ ကျွန်တော် ကလေး တစ်ယောက်ရဲ့ ပုံက background ကို
နမူနာအနေနဲ့ ဖျောက်ကြည့်ပါတယ်။Original နဲ့  result ပုံကို လည်း real time
တွေ့ မြင်နိုင်ပါတယ်။
ashampoo 01
အစိမ်းရောင် + sign ကို ရွေးပြီး ကလေးပုံကို အောက်ကပုံမှာလို အနည်းငယ် mark
လုပ်ပေးပါ။ပြီးရင် အနီရောင် – sign ကိုရွေးပြီး background ကို mark
လုပ်ပေးပါ။ဒါဆိုရင် clipping magic က သူ့ အလိုလို background ကို
ဖျောက်ပေးပါလိမ့်မယ်။ အလွန်လွယ်ကူပါတယ်။
ashampoo 02
ကျွန်တော့်စမ်းသပ်ချက်မှာတော့ အပေါ်ကပုံမှာလိုပြုလုပ်ပြီးတဲ့ အခါမှာ
background color ကို ပြောင်းကြည့်တဲ့အခါ ကလေး ပုံ ရဲ့ 
ထောင့်စွန်းလေးတွေက မညီမညာဖြစ်နေပြီး မှုန်ဝါးဝါးဖြစ်နေပါတယ်။အဲဒီအတွက်
ကျွန်တော် Refine Edge ကို နှိပ်ပြီး Manual ကိုနှိပ်ပြီး Smooth , Blur ,
Offset စတဲ့ tool လေးတွေကို အနည်းငယ်စမ်းသပ်ပြုပြင်လိုက်တဲ့အခါ
အောက်ကပုံမှာလို ပုံထွက်ကောင်းကောင်းရလာပါတယ်။ပြီးရင်တော့ download button
ကိုနှိပ်ပြီးဒေါင်းလုပ်လုပ်နိုင်ပါပြီ။
ashampoo 05
Clipping Magic ကို သုံးရတာ အလွန်လွယ်ကူပါတယ်။Clipping Magic က background
ကိုဖယ်ရှားဖို့ သီးသန့်  ပြုလုပ်ထားတာ ဖြစ်တဲ့ အတွက် တစ်ခြား photo editor
တွေလို မျိုး tool တွေ များပြားပြီးရှုပ်ထွေးမနေပါဘူး။Bookmark
လုပ်ထားသင့်တဲ့ ဆိုက်လေးတစ်ခု ပါ။
http://www.aungkyaw.net/2013/09/clipping-magic-photo-background.html
Clipping Magic : သင့် Photo က Background ကိုအလွယ်တကူဖယ်ရှားပေးနိုင်တဲ့ ၀က်ဆိုက်
Reviewed by
VC
on
September 08, 2013
Rating:
5
No comments:
Post a Comment